[Zawgyi]
"ရူးမဂျီး ရူးမဂျီး ခစ်ခစ်"
ကလေးလေး က ဆိုဖာခုံပေါ်ထိုင်ပြီး ချည်ထိုးနေတဲ့ လီဘိုရာ တစ်ဖြစ်လည်း မစ္စကင်မ် ကို လက်လေး နဲ့ မှီတဲ့နေရာ ဖတ်ကနဲ ရိုက်ပြီး ပြေးလိုက် စလိုက် ပြန်ရိုက်လိုက် လုပ်နေတယ် ။ ကွတ်ကီး နဲ့ ဂျီလေး တို့က ကလေးလေး ကို လိုက်ထိန်းနေတယ် ။ မလုပ်ရဘူး ပြောရင် မျက်လုံးဝိုင်းလေးတွေ ကလယ် ကလယ် နဲ့ ကြည့်ပြီး မျက်တောင် တဖျတ်ဖျတ် ခတ်ပြတယ် ။ နှုတ်ခမ်း ကို ထော်လန်နေအောင် ဆူပြီး စိတ်ကောက်တယ် ။ ကင်မ်ဦးလေးကြီး က လည်း ဘာမှ မပြောဘဲ ကလေးလေး ဘာလုပ်လုပ် သဘောကျနေတတ်တယ် ။ ကွတ်ကီး နဲ့ ဂျီလေး လည်း ကလေးလေး ပျော်နေတာ မြင်တော့ ပျော်တာပါပဲ ။ ပြီးတော့ ကလေးလေး ကို သူတို့ဝယ်မကျွေးနိုင်တဲ့ မုန့်တွေ လည်း စားရတယ် လေ ။ ဒီ အိမ်ကြီး ကို ရောက်လာတာ ၄ ရက် ရှိသွားပြီ ။ ကျောင်း လည်း မတက်ခိုင်းဘူး ။ ကလေးလေး ကတော့ အရင်တည်း က ကျောင်း ကို တက်ချင်တဲ့သူ မဟုတ်တော့ အဆင်ပြေနေတာပေါ့ ။
ဒီအိမ်ကြီး ကို စရောက်တဲ့နေ့က အခု ချည်ထိုင်ထိုးနေတဲ့ အန်တီကြီး က ကလေးလေး ထိုင်ဆော့နေတာ ကို အတင်းချီပြီး ငါ့သားလေး ငါ့သားလေး အော်ပြီး ခြံထဲ ဆင်းပြေးသေးတယ်။ ရုတ်တရက် လန့်သွားပုံ ပေါ်တဲ့ ကလေးလေး က ပြဲလန်နေအောင် အော်ငိုလို့ ကင်မ်ဦးလေးကြီး ရော ကွတ်ကီး နဲ့ ဂျီလေး တို့ရော ဝိုင်းချော့ရသေးတယ် ။ တော်တော်ကြာမှ အငို တိတ်သွားပြီး ချက်ချင်း ဂေဟာ ကို ပြန်တော့မယ် ဆိုပြီး ဂျီကျတယ် ။ ကင်မ်ဦးလေးကြီး က ကလေးလေး ကို အဲ့ဒီ အန်တီကြီး က ကလေးလေး ရဲ့ အမေ ကလေးလေး ပျောက်သွားလို့ စိတ်နောက်သွားတာ လို့ သေချာ ပြောပြရတယ် ။ ဒါတောင် အဆိုးလေး က မေမေ မဟုတ်ဘူး ရူးမဂျီး ရူးမဂျီး လို့ပဲ ခေါ်မယ် ဆိုပြီး ပြန်ပြောသေးတာ ။ ဒါပေမဲ့ သွေး က စကားပြောတယ်ထင်ပါတယ် ။ ကလေးလေး က ၃ ရက် အတွင်း မှာပဲ ရင်းနှီးသွားပြီး အခုလို စ စ နေတော့တာပဲ ။
စိတ်တိုင်းကျ ကြိုက်တာ လုပ်နေရရင်တော့ ထုံးစံအတိုင်း တခစ်ခစ် ရယ်ပြီး ပျော်နေတော့တာ ။ ကလေးလေး ပျော်ရင် ကွတ်ကီး နဲ့ ဂျီလေး လည်း အလိုလို ပျော်တယ် ။

ŞİMDİ OKUDUĞUN
လိပ်ပြာလည်ကလေး 🦋
Hayran KurguJeon Jung Kook x Kim Tae Hyung Min Yoon Gi x Park Jimin Started Date-17.1.2022(11:47 pm)