Eight

973 105 21
                                    

[Unicode]

ကင်မ်ယောင်းမင်း အာခေါင်ခြစ်ငိုနေတဲ့ သား ကို ချီပြီး ကားပေါ်က ဆင်းလိုက်တယ် ။ သားမျက်နှာတခုလုံး နီရဲပြီး မျက်ရည်တွေ နှပ်တွေ နဲ့ ပေပွနေတယ် ။ အိမ်ထဲဝင်လိုက်တော့ ဧည့်ခန်းထဲမှာ ထိုင်ငိုနေတဲ့ ကွတ်ကီး နဲ့ ဂျီလေး ဆိုတဲ့ ကလေး ၂ ‌ယောက် ။ သူ့လက်ထဲက သား ကို တွေ့တော့ သူ့ ဆီ ပြေးလာကြတယ် ။ အဲ့ကလေး ၂ ယောက် ကို မြင်တော့ သူ့လက်ထဲက သား က ကော့လန်ထိုးပြီး အောက်ကို ဆင်းဖို့ ပြင်တာမို့ ချပေးရတယ် ။

"ကလေးလေး ဘယ်ကို ထွက်သွားတာလဲ ကိုကို တို့က လိုက်ရှာနေတာကို" - ကွတ်ကီး

"အီးးးဟီးးးးဟင့် ထယ်ထယ် က ပျင်းရို့ အီးးးးးလမ်းလျှောက်ထွက်ရာ ဟီးးးးးဟင့် အိမ် မပြန်တတ်တော့ရို့"

"နောက်ဆို ကလေးလေး ပျင်းရင် ဂျီလေး တို့ တူတူ လမ်းလျှောက်ကြမယ်လေ တယောက်တည်း ထွက်မသွားနဲ့နော်" - ဂျီလေး

"သွားတော့ဖူး ဟင့် သွားတော့ဖူး အဟင့် ထယ်ထယ် ဗိုက်ဆာတယ် "

"နေဦး ဗိုက်ဆာလည်း နောက်မှစားရမယ် အခု သုံးယောက်လုံး တူတူ မတ်တပ်ရပ်နေကြဦး ဟိုဘက်မှာ"

ဆိုဖာထိုင်ခုံတွေ ရှိတဲ့ဘက် ကို လက်ညှိုးထိုးပြီး ပြောလိုက်တော့ သုံးယောက်စလုံး ခပ်ကုပ်ကုပ်လေး သွားတယ် ။
ကင်မ်ယောင်းမင်း ပေတလူးနေတဲ့ သား ကို သနားစိတ်ဝင်ပေမယ့် ပြန်တင်းထားရတယ် ။ ဒီအရွယ်လေး နဲ့ တယောက်တည်း ထွက်သွားတာ ကင်မ်ယောင်းမင်း အတွေ့မြန်လို့ပေါ့ ။ တခြားမသမာသူတွေ နဲ့ တွေ့ရင် ဘယ်လိုလုပ်မလဲ ။ ကင်မ်ယောင်းမင်း လုပ်နေတဲ့ အလုပ် က ရန်သူ ပေါပါဘိနဲ့ ။ နောက်မလုပ်အောင်တော့ ဆုံးမ ရမယ်မလား ။

"မင်ဟို ဒီနေ့ အိမ် မှာ လုံခြုံရေးတာဝန်ကျတဲ့ သူ တွေ အကုန် ခေါ်လိုက်"

"ဟုတ်ကဲ့ ခေါင်းဆောင်"

သိပ်မကြာခင်မှာ မင်ဟို နဲ့ အတူ လုံခြုံရေးတာဝန်ကျတဲ့လူ  ၁၀ ယောက် ပါလာတယ် ။ ကင်မ်ယောင်းမင်း ဆိုဖာပေါ်မှာ ထိုင်ပြီး ‌ဒီနေ့ရဲ့ ခေါင်းဆောင် ကို မေးလိုက်တယ် ။

"ပြောစမ်းပါဦး ဒီအိမ်ရဲ့ လုံခြုံရေး က မင်းတို့ လက်ထဲမှာ စိတ်ချရပါ့ဦးမလား"

လိပ်ပြာလည်ကလေး 🦋Hikayelerin yaşadığı yer. Şimdi keşfedin