ဘဝရဲ့အဆုံးအဖြတ်

114 5 0
                                    

'' မိုင်က ဘယ်တက္ကသိုလ်တက်ချင်တာလဲ ဘာလုပ်ချင်တာလဲ ''

ဆရာကြီးရဲ့အမေးကို တိတ်ဆိတ်နေတဲ့အခန်းအား လွှမ်းပီး အေးဆေးတည်ငြိမ်နေတဲ့ မိုင်အသံက အဖြေပြန်သည်

'' လုပ်ချင်တဲ့အရာ မရှိပါဘူး ဒီလိုပဲ ကျောင်းပီးရင်တော့ တက္ကသိုလ်တစ်ခုခုတော့တက်ဖြစ်မှာပေါ့ ''

တည်ငြိမ်လွန်းကာ တစ်ခွန်းပီးတစ်ခွန်း ပြောသွားတဲ့ မိုင့်အသံကိုနားထောင်ကြည့်ရုံနဲ့ ဒီစကားကို မိုင်အတည်ပြောနေမှန်းသိသာလွန်းသည်

မိုင့်ဆီက ထိုအဖြေကိုကြားရတော့ ဆရာကြီးကတော့ စိတ်ညစ်သွားပုံပေါ်သည်

ဒီဘော်ဒါဆောင်မှာ အတော်ဆုံးဖြစ်တဲ့ မိုင့်ဆီက တခြားကျောင်းသားတွေအားတက်ဖို့ပါ အားရစရာ အဖြေတစ်ခုကို လိုချင်ခဲ့မှာတော့ အမှန်ပဲလေ

အခုတော့ မိုင့်အဖြေက ဆရာကြီးအတွက်ပါမက အားလုံးအတွက်ပါ ထူးဆန်းတာတော့ အမှန်

ခွန် မိမိထိုင်နေရာ ရှေ့ဆုံးတန်း နှစ်ခုံမြောက်ကနေ မိုင် ထိုင်နေရာ မိန်းကလေးတန်း လေးခုံမြောက်ကို လှည့်ကြည့်မိသည်

ယောက်ျားလေးလို ဆံပင်ဘိုကေ အတိုကလေးနဲ့ စပန့်လက်ပြတ်လေးကို ဝတ်ကာ စာဆက်ရေးနေသည့်မိုင်ပုံက တည်ငြိမ်လွန်းသည်

တကယ်ပဲ အဲ့ဒီ မရှုမသုန် အပူအပင်မရှိတဲ့ မျက်နှာက တကယ်ကြီး ရည်မှန်းချက်မရှိတာလား

ခွန့်အတွက်တော့ ဆယ်တန်းဆိုတာ ဘဝအပြောင်းအလဲကို ဆုံးဖြတ်ပေးမဲ့ အခိုက်အတန့်ပေမို့ စာမှာပိုပီး အာရုံစိုက်ဖြစ်သည်

အမေနဲ့အဖေရဲ့ တွန်းအားတွေလည်းပါပေမယ့် ခွန်ကိုယ်တိုင်ကိုက ကိုယ့်ကို တစ်လျှောက်လုံးညံ့တယ်ပြောလာသူတွေကို မညံ့ကြောင်းပြချင်သည်

ပီးတော့ ခွန် မိုင့်ထက်သာတဲ့လူတစ်ယောက်ဖြစ်ချင်သည်

မိုင်က ဘယ်လောက်တော်တော် မိန်းကလေးတစ်ယောက်ပါ တစ်ချိန်က ခွန်က မကြိုးစားခဲ့ပေမယ့် အခုခွန်ကတော့ အရင်လိုမဟုတ်ချေတော့ပီ

ယောက်ျားလေးတစ်ယောက် တကယ်ကြိုးစားပီဆိုရင် မိန်းကလေးတစ်ယောက်ကို ကျော်မတက်နိုင်စရာ ဘယ်မှာရှိပါ့မလဲ

ကျွန်မက မိန်းမသား ( completed )Место, где живут истории. Откройте их для себя