အတိတ်နှင့်ပြန်လည်တွေ့ဆုံခြင်း

127 4 0
                                    

2028 နိုဝင်ဘာလ

အ.ထ.က ကျောင်းသားများတွေ့ဆုံပွဲနေ့

အထက်တန်းကျောင်းပီးသွားခဲ့တာတောင် 14 နှစ်ကြာပီတဲ့လား

မှန်ရှေ့မှာ မိုင်ပြင်ဆင်ဖီးလိမ်းနေရင်းမှ စိတ်အလိုမကျစွာ ဝတ်ပီးသား နားဆွဲရှည်ကို ပြန်ဆွဲဖြုတ်လိုက်သည်

ကျောင်းသားဟောင်း တွေ့ဆုံပွဲရယ်လို့ သူငယ်ချင်းတွေလှမ်းပြောစဥ်က မိုင် ပျော်ခဲ့သည်

ခင်ဖူးတဲ့သူငယ်ချင်းတွေနဲ့ မတွေ့ရတာအတော်ကြာပီမို့ တွေ့လည်းတွေ့ချင်သည် အရင်လို ထွေရာလေးပါးစကားတွေလည်းအများကြီးပြောချင်သည်

လူစုလူဝေးတွေ လူများတာတွေကို မိုင် သဘောမကျတတ်ပေမယ့် မိုင့်သူငယ်ချင်းတွေနဲ့တွေ့ရမည် ဆိုတော့ တွေးပီးပျော်မိသည်က ခနခန

တကယ်တမ်းကြီး မိုင် မနက်ဖြန်သွားရတော့မည့်ဆိုတော့ သူ့တို့အသိုင်းအဝိုင်းကနေ အကြာကြီး ပျောက်နေတဲ့ မိုင့်အပေါ်ဘယ်လို မြင်ကြမလဲ စိုးရိမ်စိတ်ဝင်လာသည်

အရာအားလုံးက မိုင်နဲ့စိမ်းသက်နေမှာ မိုင့်ကို သူစိမ်းတရံလိုဆက်ဆံကြမှာကို မိုင်ကြောက်မိသည်

အခုတော့ မှန်ရှေ့မှာ ပြင်ဆင်ရင်း မိုင်မသွားတာပဲ ကောင်းလေမလားဆိုတဲ့စိတ်ဝင်လာပြန်ပီ

ဒါကြောင့်လဲ မိုင်က စိတ်အပြောင်းအလဲသိပ်မြန်တာပဲလို့ မောင်က အမြဲပြောခဲ့တာ

နားဆွဲတွေကို ဘူးထဲပြန်ထည့်ပီးတော့ မိုင် လက်လှမ်းမိသည်က wet tissue ဘူးဆို

'' မိုင် ''

လေးလေးနက်နက်ခေါ်လိုက်တဲ့ သတိပေးသံမှာ မိုင့်လက်တို့ကို tissue ဘူးဆီ မရောက်မီ ရပ်တန့်ထားမိသည်

'' သွားပါ မိုင်ရယ် အားလုံးကလည်း မိုင့်ကို တွေ့ချင်နေကြတာပါ မိုင်လာခဲ့ပါလို့ ခနခနခေါ်နေတာကို ''

မိုင် စိုးရိမ်တာတစ်ခုက အားလုံးနဲ့ ပြန်တွေ့ရမယ်ဆိုတဲ့အထဲမှာ တစ်ချိန်ကသူပါ ပါနေမှာကိုစိုးတာ

ဘာမှပြန်မဖြေဘဲ မချိမရဲပြန်ပြုံးပြတဲ့ မိုင့်အပြုံးကိုကြည့်ရင်း မိုင်စိတ်မကြည်သေးမှန်း မောင်က သိလိုက်ပုံရသည်

ကျွန်မက မိန်းမသား ( completed )Dove le storie prendono vita. Scoprilo ora