အရာအားလုံးက အသားကျသင့်‌နေပီ

19 0 0
                                    

2017 december

'' တကယ်ပဲ မိုင် ဒီကို ပါလာပါ့မလား ''

ရန်လင်းတစ်ယောက် ခေါင်မိုးထပ်ဆီကို တက်နေရင်းနဲ့မှ ခံစားချက်တို့က မရေရာမသေချာ

ဟိုတစ်ခါ သူရခွန်နဲ့တွေ့ပီးကတည်းက ခွင့်လွှတ်မပေးနိုင်ရင်တောင် သူ့စိတ်ကို နားလည်တာမို့ ခွန့်ရင်ထဲက စကားတွေကို မိုင် သိမြင်လာအောင်ပြောပြချင်မိသည်

အခုတော့ အခွင့်အရေးဆိုတာကို မျက်လုံးထဲမြင်မိတာမို့ ရန်လင်း တက်ကြွမိတာ မှားမည်မထင်

ဒီနေ့ အကင်ဆိုင်ကို လာခဲ့တာ ခုလို မိုင်တို့ကျောင်းက အုပ်စုနှင့်တွေ့မည်လို့ထင်ကိုမထင်ခဲ့

အောက်ထပ်ဆီက မိုင့်သူငယ်ချင်းတွေကို မြင်ရာမှတစ်ဆင့် မိုင်ပါလာလောက်သလားဆိုပီး rooftop bar ဆီ တက်လာခဲ့လိုက်မိသည်

မကျဉ်းမကျယ်သံလှေကားလေးအတိုင်းတက်လာခဲ့လိုက်တော့ အပေါ်ရောက်လာတာနဲ့အမျှ တိုက်လေတို့ကအရင်ဆီးကြိုသည်

ပုံပျက်သွားတဲ့ ဆံပင်အချို့ကို ပြန်လည်သိမ်းသွင်းလိုက်ရင်း ရန်လင်း ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်လိုက်တော့ ထောင့်ဘက်နားဆီက လက်ရန်းအစွန်မှာ beer ပုလင်းလေးကိုင်ရင်း မတ်တပ်ရပ်နေခဲ့တဲ့ မိုင် သို့မဟုတ် အရိုင်းပန်းလေးတစ်ပွင့်

ရှာတွေ့ပီဆိုတဲ့အသိနဲ့ သူ့အနားကိုလျှောက်သွားလိုက်ချိန်အထိ သူမက ကိုယ့်ဘက်ကို တစ်ချက်မှလှည့်ကြည့်မလာခဲ့

ခရမ်းနုရောင်အပွင့်နုတ်နုတ်ကလေးတွေပါတဲ့ ပေါင်လယ်လောက် ဂါဝန်လေးကိုဝတ်ထားရင်း ပုခုံးကျော်ရုံအညိုရောင်ဆံနွယ်နုတို့ကို နားနောက်သပ်တင်ထားပုံက ကိုနဲ့မရင်းမနှီးစွာ

သူ့အနားရောက်အောင်သွားပီးမှ သူတင်ထားသလိုလေး လက်ရန်းပေါ်ကို လက်တင်ရင်း သူ့နံဘေးခပ်နီးနီးဝင်ရပ်လိုက်တော့ မသိအသာ ငှဲ့ကြည့်လာတဲ့သူမ

အပြုံးနဲ့နှုတ်ဆက်ဖို့ ပြင်ဆင်ထားတဲ့ကိုယ့်တုံ့ပြန်မှုအပေါ် သူမက အံ့သြခြင်းနှင့်အတူ ပြုံးပြသည်

ထို့​နောက်တော့ သူ့သူငယ်ချင်းတွေထိုင်နေတဲ့ဝိုင်းဆီက beer ပုလင်းလေးတစ်လုံးကို ကိုယ့်ဆီကမ်းပေးရင်း သူကတော့ စတွေ့စဉ်ကအတိုင်း လက်ရန်းကိုသာ လက်တင်ရင်း ဘယ်ဆီဘယ်ဝယ်မှန်းမသိပြန်လည်ငေးမောခြင်းကို စတင်ပါတော့သည်

ကျွန်မက မိန်းမသား ( completed )Where stories live. Discover now