november 10 ( zawgi )

30 0 0
                                    

နိုဝင်ဘာ 10

အဆက်မပြတ်မြည်နေတဲ့ ph ringtone သံက အဝင်ကော မလာတာကြာပီဖြစ်တဲ့ မိုင့် ph အတွက် အထူးတဆန်းလိုဖြစ်နေသည်

အသံကြားရာတစ်လျှောက် နောက်ခံလိုက်ရင်း နောက်ဆုံး ကုတင်ပေါ်မှာရှာတွေ့သွားတဲ့ ဖုန်းကိုကောက်ကာကိုင်လိုက်တော့

'' hello ''

မကြားရတာကြာပီဖြစ်တဲ့ ယောက်ျားတစ်ယောက်ရဲ့သြရှရှအသံ

တစ်နည်းအားဖြင့် မိုင့်အရိုးထဲထိစွဲနေအောင် အလွတ်ရနေတဲ့ ဒီအသံ

'' ခွန် နင်လား ''

သိသိရက်နဲ့ မေးလိုက်တဲ့ မရှေးမနှောင်းမှာပဲ ဟုတ်တယ်ဆိုတဲ့ တန်ပြန်သံပေါ်လာသည်

'' ဘာလို့ ဆက်နေကျ ph no နဲ့မဟုတ်ဘဲ no အသစ်နဲ့ဖြစ်နေရတာလဲ ပီးတော့ ဘယ်တွေပျောက်နေတာလဲ ''

ဟုတ်ပါတယ် သက်ထားနဲ့အောင်သွယ်ပေးပါဆိုပီး မိုင့်အသည်းကိုနင်းခြေသွားခဲ့သူဟာ နောက်သုံးလေးရက်မှာပဲ ထူးဆန်းစွာဖြင့် မိုင့်နေ့ရက်တွေထဲကနေ ပျောက်ဆုံးသွားခဲ့တာ အခု နိုဝင်ဘာလလယ်အထိပင်

'' ဒီရက်တွေထဲမှာ ငါ့ကိုငါ ဆန်းစစ်စရာလေးရှိနေလို့ပါ ပီးတော့ ငါနဲ့မမနဲ့ ပြတ်သွားတာလည်းကြာပီ ဒီစကားကို နင့်ကို ပထမဆုံး ပြောပြချင်ခဲ့တာ ''

သူရခွန်ပြောလိုက်တဲ့စကားကို မိုင့်ကိုတုန်လှုပ်သွားစေသည်

ဘာလို့ မိုင့်ကိုမှ ပထမဆုံးပြောပြချင်ရတာလဲ

'' အခု သက်ထားနဲ့အောင်သွယ်ပေးခိုင်းတော့မလို့လား ''

ဒီမေးခွန်းကိုမေးသာ မေးလိုက်ရသည် ဒီမေးခွန်းရဲ့အဖြေကို သိရမှာအကြောက်ဆုံးသူကလည်း မိုင်ဖြစ်နေပြန်သည်

'' မဟုတ်ပါဘူး ''

တက်ကြွတဲ့အဖြေတစ်ခုထွက်လာတော့မယ်လို့ မိုင်ထင်ခဲ့ပေမယ့် မဟုတ်ပါဘူး ဆိုတဲ့စကားကို အားတုံ့အားနာနဲ့ ပြန်ဖြေလာသည်

'' အဲ့လို လုပ်ပေးဖို့ မလိုတော့ပါဘူး နင့်ကို အဲ့ကိစ္စအကူအညီတောင်းမိတာလည်း တောင်းပန်တယ် ''

သူ့စကားက ထူးဆန်းသည်

'' ဘာလို့လဲ ဘာလို့အခုမှ တောင်းပန်နေရတာလဲ ''

ကျွန်မက မိန်းမသား ( completed )Where stories live. Discover now