heartbreaking (zawgi)

35 1 0
                                    

'' သူစိမ်းလိုလဲမနေချင်ဘူး ဒါပေမယ့်ချစ်သူငါမဟုတ်ဘူး သူငယ်ချင်းလေးတစ်ယောက်လိုနေဖို့ ''

'' ဝုန်း ''

ကို့အခန်းထဲမှာကို သီချင်းလေးဖွင့်ပီး လိုက်ဆိုနေမိရာကနေ ဝုန်းကနဲပွင့်လာတဲ့အခန်းတံခါးကြောင့် ရှီရှီ လန့်တောင်လန့်သည်

'' သီချင်းသံပိတ်ပေးပါလား ''

ပုံမှန်ဆိုရင် မိုင်သီချင်းပိတ်ဖို့ ပြောလာတိုင်း ဖွင့်မှာပဲ ဘာဖြစ်လဲ ညာဖြစ်လဲ ပြန်ပြောနေကြပေမယ့် ဒီနေ့မိုင်ပုံက ထူးဆန်းနေတာမို့ ရှီရှီ အတွန့်တက်မနေတော့ဘဲ အလိုက်တသိ သီချင်းသံပိတ်ပေးလိုက်သည်

'' ပိတ်ပေးလိုက်ပီနော် ''

ပိတ်ပေးလိုက်ပီဆိုတာနဲ့ အသက်မရှိတဲ့ ဖုတ်ကောင်လို အခန်းဝက လှည့်ပြန်သွားတဲ့ ဖရိုဖရဲ မိုင့်ပုံကြောင့် ရှီရှီ စကားတစ်ခွန်းမေးလိုက်မိသည်

'' နင် အသည်းကွဲ နေတာလား ''

အသည်းကွဲနေတာလား ဒီစကားကြားတော့ မိုင်ရီချင်မိသည် အသည်းကွဲရအောင် မိုင်တို့က ချစ်သူတွေမှမဟုတ်ဘဲ

သို့သော် မျက်ရည်တွေကတော့ ဘယ်ကပြုတ်ကျလာမှန်းမသိအောင် ဖြိုးဖြိုးဖျောက်ဖျောက်စီးကျလာသည်

'' ဘာလို့ အသည်းကွဲရမှာလဲ ငါတို့က ချစ်သူတွေမှမဟုတ်တာ ''

ငိုသံဗြဲကြီးနဲ့ ပြန်လှည့်လာတဲ့ မိုင်အဂ္ဂီကြောင့် ရှီရှီ ရီရခက် ငိုရခက်

'' ချစ်သူတွေဖြစ်မှ အသည်းကွဲလို့ရတယ်လို့ ဘယ်သူကပြောလဲ ''

အော် တုံးလိုက်တဲ့ မိုင်အဂ္ဂီ

'' မသိဘူးလေ ငါမှရည်းစားမထားဘူးတာ ''

တစ်ခါမှရည်းစားမထားဖူးတာဆိုတဲ့စကားက ရည်းစားသောက်သောက်လဲရှိတဲ့ကို့ကိုယ်ရွဲ့ပြောနေတာတွေဘာတွေ အခုချိန်မှာ ရှီရှီ မစဉ်းနိုင်သေး

အသည်းကွဲနေတဲ့ ကို့ညီမအရေးသာ ကို့အရေးဖြစ်နေသည်

'' အေးပါ မိုင်ရယ် မငိုပါနဲ့ ကိုယ့်ကိုမချစ်တဲ့လူအတွက် ခံစားပီး မျက်ရည်တွေကျမနေပါနဲ့ ''

ကျွန်မက မိန်းမသား ( completed )Where stories live. Discover now