လွဲမှားနေသော မင်္ဂလာ

95 3 1
                                    

ဒီလောကကြီးမှာ အချစ်ကို ဘယ်သူကများ အတိအကျအဓိပ္ပါယ်ဖွဲ့ဆိုနိုင်ပါလိမ့်မလဲ

အချစ်က တ‌စ်ချို့လူတွေပြောသလို ရင်ဘတ်တစ်ခုလုံးလိပ်ပြာတွေ တောင်ပံယှက်လူးလားပျံသန်းနေသလိုမျိုး စိတ်လှုပ်ရှားမှုလား

မဟုတ်ရင်

တစ်ချို့ပြောသလို မနက်ခင်းနေရောင်ခြည်လိုမျိုး နွေဦးရာသီရဲ့ပန်းပွင့်တွေလိုမျိုး နွေးထွေးမှုလား

မဟုတ်ရင်

မပိုင်ဆိုင်ရမနေနိုင်တဲ့ လောဘနဲ့သူမှသူ ဖြစ်နေတဲ့စွဲလမ်းမှုလား

တကယ်ပဲ အချစ်ကလှပသလား သို့တည်းမဟုတ် မာယာများပါသလား

သေချာတာတော့ ကိုမြင်ရာကိုအမှန်လို့ ယူဆတတ်တဲ့တယူသန်‌တဲ့လူတွေက အချစ်ကိုလည်း သူတို့ထင်ရာအတိုင်း အဓိပ္ပါယ်သတ်မှတ်ကျတာပါ

မိုင့်အတွက်ရော အချစ်က ဘာများဖြစ်လေလိမ့်မလဲ

အဓိပ္ပါယ်သတ်မှတ်ရရင်တော့ နွေရဲ့ရွက်ကြွေတွေနှင့် အလားသဏ္ဍာန်တူပေလိမ့်မည်

ခြောက်ကပ်သည် ပူလောင်သည် နောက်ဆုံးမှာကြွေကျရင်း မိုင့်ဆီ့မှာ အလွမ်းအဆွေးတွေသာ ကျန်ရစ်ခဲ့တော့သည်

သို့တည်းဆိုရင် မိုင့်မျက်ဝန်းရှေ့မှာမြင်နေရသော အချစ်က ဘယ်လိုအဓိပ္ပာယ်ဖွဲ့ဆောင်လိမ့်လေမလဲ

အဖြူရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားသည့်သတိုးသမီးငယ်က ပျော်ရွင်မတတ်မျက်နှာနဲ့ သတို့သားလက်မောင်းကို ဖွဖွလေးဆုပ်ကိုင်ရင်း ရီမောနေသည်

တိုးလျစွာဖွင့်ထားသော သီချင်းသံကို ကျော်လွန်၍ တစ်ခါတစ်ခါ သူတို့နှစ်ဦး၏ရီသံက ပွဲခင်းထဲကို ပျံ့နှံ့လာတတ်သေးသည်

ပျော်ရွင်ခြင်းလား ချစ်ခြင်းလား ဘယ်အရာနဲ့ချည်ထားလဲမသိပေမယ့် သူတို့လက်တွေကတော့ မြဲနေလေရဲ့

သူတို့ပျော်ရွင်ခြင်းကြောင့် ‌စတိတ်စင်နောက်ကွယ်က ငိုကြွေးခြင်းတွေကရော ဘယ်သူမှ မမြင်ရပါလား

ကြီးကျယ်ခြင်း ဂုဏ်သရေရှိခြင်း ကောင်းမြတ်ခြင်း ပျော်ရွင်ခြင်း အထပ်ထပ်ရစ်နှောင်ထားတဲ့ ဒီမင်္ဂလာပွဲရဲ့အောက်ခြေမှာ ယဲ့ယဲ့လေးပြုံးနေတဲ့ ဒဏ်ရာအပြည့်နဲ့နှလုံးသားတွေ မလွန်ဆန်နိုင်မှုတွေ သရဲဘောကြောင်မှုတွေနဲ့ မိုက်ရူးရဲဆန်မှုတွေက အပုံအပင်

ကျွန်မက မိန်းမသား ( completed )Dove le storie prendono vita. Scoprilo ora