မူမမှန်ခဲ့သောနေ့ရက်များအပိုင်း 2

95 5 0
                                    

'' ဒေါက် ဒေါက် ''

အပြာနုရောင်ဆေးခြယ်ထားတဲ့ အခန်းတံခါးကို ခေါက်ကာ ခနစောင့်ခဲ့ပေမယ့် အခန်းထဲဆီမှ ဘာတုံ့ပြန်သံမှ ပြန်ထွက်မလာခဲ့ပါ

အချိန်ကိုကြည့်လိုက်တော့ မနက်ကိုးနာရီ ဦးကျော်ဇေယျတစ်ယောက် အခန်းရှေ့မှာရပ်ရင်း ဘာလုပ်သင့်သလဲ ဝေခွဲမရဖြစ်နေသည်

အခန်းထဲကို ဝင်သွားကာ သူမကိုနှိုးလိုက်သင့်လား သို့မဟုတ် ဆက်အိပ်ခိုင်းထားသင့်လား

အချိန်အနည်းငယ်ယူကာ တွေးတောပီးနောက်မှာတော့ ဦးကျော်ဇေယျ ဆုံးဖြတ်ချက်ချကာ တံခါးကို ထပ်မံခေါက်လိုက်သည်

'' ဒေါက် ဒေါက် မိုင် နိုးပီလား ထတော့လေ ''

'' ကျောင်းပိတ်ရက်မို့လို့ နောက်ကျတဲ့အထိအိပ်တာ daddy သိပေမယ့် ထသင့်ပီလေ ''

'' မိုင် သမီးရေ ထပီလား ''

ဦးကျော်ဇေယျရဲ့ မျိုးစုံအော်ဟစ်သံများနောက်မှာတော့ အိပ်မှုံစုံဝါးသံတစ်ခုက တန်ပြန်ထွက်လာခဲ့သည်

'' ထပီ daddy ရေ ''

ဦးကျော်ဇေယျ တံခါးဖွင့်ပီး ဝင်မသွားရပါလေဘဲနဲ့ ဒီအသံဟာ မိုင် မျက်လုံးမဖွင့်သေးဘဲပြောတဲ့အသံမှန်း တပ်အပ်ပြောနိုင်သည်

'' မိုင် ''

တံခါးကိုဖွင့်ကာ အခန်းထဲဝင်သွားလိုက်လေတော့ အခန်းထဲက မထင်ထားမှုတစ်ချို့က ဦးကျော်ဇေယျရဲ့ လှမ်းပီးသားခြေလှမ်းကို နောက်ပြန်ဆုတ်လောက်အောင်ကို စီးကြိုနေသည်

ဒါက ဘာလဲလို့ ယောင်ယမ်းရေရွတ်မိလောက်အောင် အဝတ်အစားတွေပျံ့ကြဲပီး ရှုပ်ပွနေသည့်အခန်းနှင့် ကုတင်ပေါ်မှာ ကားရားကြီးအိပ်နေသည့် သမီးငယ်

ဒီလောက်ရှုပ်ပွနေတာဟာ မိုင် အိမ်ပြန်ရောက်လာခဲ့တဲ့ ရက်ပိုင်းကလေးအတွင်းဖြစ်ပျက်သွားခြင်းဖြစ်တာကို အလွန်အံ့သြမိသည်

သီတင်းကျွတ်ကျောင်းပိတ်ရက်မို့ မိုင် အိမ်ပြန်လာတာမှ တကယ်ရက်ပိုင်းပဲရှိသေးသည်

တစ်ချိန်လုံး စာတွေပဲလုပ်နေရတဲ့သမီး အိမ်ခနပြန်လာတော့လည်း နေချင်သလိုနေပါစေဆိုပီး စိတ်ချမ်းသာအောင် လွှတ်ထားခဲ့လိုက်မိသည်

ကျွန်မက မိန်းမသား ( completed )Wo Geschichten leben. Entdecke jetzt