အချစ်ကြောင့်အရူးများ

92 2 1
                                    

" တိမ်တွေမှာ အရောင်တွေရှိတယ်တဲ့ ခံစားချက်တွေလည်းရှိတယ် သူတို့က လွတ်လပ်တယ် ကြီးမားတယ် နောက်ဆုံးတစ်ခု အနေနဲ့ကတော့ သူတို့က ဘယ်တော့မှ ဟန်မဆောင်တတ်ဘူး "

အခန်းတံခါးကို lock ချပီးနောက် မိုင် ခြေတစ်လှမ်းတောင် ဆက်မလျှောက်နိုင်ဘဲ တံခါးကို ကျောမှီရင်း ပျော့ခွေကျသွားခဲ့သည်

မနက်က 2 နာရီ

ငိုရမှာလား မဟုတ်ရင် အပြင်မှာကျန်ရစ်ခဲ့တဲ့လူကို ပန်းအိုးနဲ့ပဲ ရိုက်ပစ်လိုက်သင့်သလား

ဘာက ဘာကို အရင်လုပ်ရမလဲမသိပေမယ့် မိုင့်ခန္တာကတော့ သွေးမရှိတော့တဲ့လူနှယ် ပျော့ခွေလို့

ထိုညက မိုင် အိပ်‌မပျော်ခဲ့ပါဘူး

ကုထုံးတွေအများကြီးနဲ့ကြိုးစားပီးတဲ့နောက် အခု မိုင် အိပ်ပျော်နိုင်ပီ ထင်ခါမှ အိပ်မရခြင်းဆိုတဲ့ အိမ်မက်ဆိုးက မိုင့်ကို ဝင်နှောက်ယှက်ပြန်ပီ

အိပ်မပျော်တဲ့အခန်းငယ်လေးထဲမှာ မီးအိမ်လေးတစ်ခုကသာ လင်းနေပီး မိုင် မရေးတာကြာပီဖြစ်တဲ့ မိုင့်ကဗျာစာအုပ်လေးကို ထုတ်လိုက်သည်

အိပ်မပျော်သောနောက်တစ်ည

ဒီနေ့ညလည်း မူးမိန်ခြင်းတွေက မိုင့်ကို ချော့သိပ်ပြန်တယ်

လိပ်ပြာနက်တွေ မိုင့်ဝိဥဥ်ကိုချေနင်းပြန်တဲ့အကျည်းတန်ဖွယ်ရာ ညတစ်ညပေါ့

မိုင်မျက်ဝန်းတွေက မျက်နှာကျက်ဆီရောက်ကာ မိုင့်အတွေးတွေကတော့ မောင့်ဆီကူးလူးလျက်

မောင်ရော ကောင်းကောင်းအိပ်ပျော်နေလျော့လား
သတိရတိုင်းစာတစ်စောင်ရေးပါ့မယ်ဆိုတဲ့ကတိကိုမောင်က မတည်ခဲ့ဘူး

စီးကရက်တစ်လိပ်ကို ထုတ်ကရှိုက်လိုက်တော့လည်း ထုတ်လိုက်တဲ့ အခိုးအငွေ့တွေကအစ မောင့်ပုံရိပ်တွေ

တစ်သက်လုံးချစ်ပါ့မယ်လို့ မောင်က ညာခဲ့ဖူးတယ်

အခုတော့ ဘယ်ဆွေးမြေ့ခြင်းထဲမှာ မောင်နစ်မြုပ်နေတာလဲ

ဘယ်ဆီလဲ ဘယ်မှာလဲ ပျောက်ဆုံးသွားသူအား လိုက်မရှာတော့ဘဲ မောင့်ဆိုတဲ့ အရိပ်တွေကို ဂုန်နီအိတ်နဲ့ထည့်ထုတ်ပီး မြေမြှပ်လွှတ်လိုက်သည်

ကျွန်မက မိန်းမသား ( completed )Where stories live. Discover now