Thank you for the happiest year of my life

83 6 0
                                    

မိုင်တို့ အိမ်ကို ပြန်ရောက်ခဲ့တော့ ညကိုးနာရီခန့်

ခြံရှေ့မှာ ကားကို ရပ်လိုက်ပီးပေမယ့် မိုင် ခြံထဲကို မဝင်ရဲခဲ့ပါ

ကားပေါ်က ဆင်းလိုက်တဲ့အခါမှာလည်း မိုင်လက်တို့က တုန်ရီလို့

မိုင် ကြောက်သည် မိုင့်ဘဝမှာ တကယ်နားလည်မှုပေးနိုင်တဲ့ မိဘတွေကို ပိုင်ဆိုင်ထားပါလျက် ပြသာနာဖြစ်လာတဲ့အခါ သူတို့နဲ့မတိုင်ပင်ဘဲ မိုင်က ထွက်ပြေးခဲ့သည်လေ

သုံးနှစ်ကြာ အစအနပျောက်ခဲ့ပီးမှ ပြန်လာခဲ့သည့် သမီး အပေါ် မာမီနဲ့ဒယ်ဒီ ခွင့်လွှတ်နိုင်ပါ့မလား

နှောင်းကတော့ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတဲ့ မိုင့်လက်ကိုတွဲရင်း အိမ်ထဲကို ဝင်ဖို့ သတ္တိပေးရှာသည်

တစ်နည်းနည်းနဲ့တော့ မိုင် ရင်ဆိုင်ရမှာပဲလေ ဒါဟာ မိုင့်ရဲ့အနွေးထွေးဆုံးသော ခိုလှုံရာ မိုင့်အိမ်မဟုတ်ပေဘူးလား တစ်ဘဝလုံးကြုံလာရတဲ့ အကြောက်တရားတွေထက်စာရင် အများကြီးသာတဲ့နေရာပဲလေ

မိုင် ခြံထဲကို လှမ်းလာခဲ့တော့ အရာအားလုံးက အရင်အတိုင်းပါ မိုင် မထွက်သွားခင်ကတည်းက ရှိနေခဲ့တဲ့ စံပယ်ပင်လေးတွေကလည်း စံပယ်ပန်းတွေပွင့်တုန်း

မိုင် မသွားခင်တစ်နှစ်က မိုင်ကိုယ်တိုင်စိုက်ခဲ့တဲ့ ထောပတ်ပင်လေးကတော့ မိုင့်အရပ်နှစ်ဆလောက် ဖြစ်နေခဲ့ပီ

အိမ်ထဲကို လှမ်းကြည့်လိုက်တော့ မီးလင်းနေခဲ့ပေမယ့် ဘယ်သူမှမနေတဲ့ အိမ်အလား တိတ်ဆိတ်လွန်းနေသည်

အိမ်တံခါးနားရောက်တော့ အိမ်တံခါးကိုမှီကာ လက်ပိုက်ပီး ရပ်နေတဲ့ မြတ်ပန်းရှီ

ရှီရှီက အရင်ကလိုပဲ ပန်းကလေးတစ်ပွင့်သဖွယ်လှနေတုန်းပါ အနည်းငယ်အသက်ရလာလို့လားမသိ ရင့်ကျက်လာပုံပေါက်ပေမယ့် စိတ်ကတော့ အရင်အတိုင်း

မိုင့်ကို မျက်ရည်တွေဝေနေတဲ့ ဒေါသမျက်ဝန်းတွေနဲ့ ကြည့်နေခဲ့ပီး မိုင်တော့ သူ့အနား သွားတာနဲ့ အရိုက်ခံရတာ့မည့်အတိုင်း

ရှီရှီ့ကို မြင်တော့ မိုင် မျက်ရည် မထိန်းနိုင်ခဲ့ပါ

မိုင့်ကို ရိုက်လဲ ရိုက်ပါစေတော့လေ ယောကျ်ားတစ်ယောက်ကို အဲ့လောက်ထိ မယုံဖို့ မရူးဖို့ သူ အတန်တန်တားသည့်ကြားက သူများရည်းစားကို လိုချင်လို့ သူ့ရည်းစားကို သတ်ဖို့ထိ မိုင်က လုပ်ခဲ့တာ မဟုတ်ပါလား မိုင် အရိုက်ခံရသင့်ပါတယ်

ကျွန်မက မိန်းမသား ( completed )Where stories live. Discover now