happy birthday ( Unicode )

69 3 1
                                    

နွေဆိုသည်မှာ မိုင့်ရဲ့လွမ်းမောရာ နှစ်သက်ရာ ရာသီခွင်ဖြစ်သည်

မိုင့်ဘဝရဲ့မြောက်မြားစွာသော ကောင်းခြင်းတို့ဟာလည်း နွေမှာဖြစ်ပျက်ခဲ့ပီး ဘယ်တော့မှမမေ့နိုင်သော အိမ်မက်ဆိုးအချို့ကိုလည်း မိုင်နွေမှာ ကြုံခဲ့ဖူးခဲ့သည်

နွေဟာ ဘယ်လောက်ပဲ အိမ်မက်ညဆန်ပါစေ သွေးလေခြောက်ခြားနေပါစေလေ မိုင်ကတော့ နွေကို မြတ်နိုးဆဲ မျှော်လင့်ဆဲပင်

2018 ရဲ့နွေရာသီ

မိုင်ရဲ့မွေးနေ့ဟာ နွေလည်ခေါင်ခေါင်မှာပင် ဖြစ်သည်

မေလ 28 ရက်မှာ မိုင်လူ့ဘဝထဲကိုရောက်လာခဲ့ပီး အခုဆို တက္ကသိုလ်ဒုတိယနှစ်နဲ့ မိုင့်ဘဝရဲ့ 18 ကြိမ်မြောက် မွေးနေ့ကို ဖြတ်သန်းရတော့မည်ပင်

ငယ်ငယ်က အကြိမ်ကြိမ်စိတ်ကူးယဉ်ခဲ့တဲ့ အသက် 18 နှစ်ပြည့်မိုင် 20နှစ်ပြည့်မိုင်တို့က အခုလက်တွေ့ကြုံရတော့လည်း မိုင်ထင်ထားသလောက်ပျော်စရာမကောင်းပေ

" သက်ထား "

တိတ်ဆိတ်နေတဲ့ညလယ်မှာ မိုင့်ခေါ်သံက ပြတ်သားနေသည်

နွေညအလား ကြိုးပြတ်သွားတဲ့စွန်အလား မိုင့်ရဲ့အသံက ဖြူလျော့နေသည်

သက်ထား နှစ်ယောက်ကြားက စားပွဲပုလေးကိုကျော်ကာ မိုင့်မျက်နှာကို ငဲ့ကြည့်လိုက်ရင်း မိုင့်ခေါ်သံကို ပြန်လည်တုံ့ပြန်လိုက်သည်

ဖတ်လက်စ စာအုပ်က စားပွဲပေါ်ပြန်ရောက်ပီး မိုင်ကတော့ အဝေးတစ်နေရာကို ငေးမော၍နေသည်

ဒါဟာ တစ်ချိန်လုံးတက်ကြွဟန် အဆင်ပြေဟန် ပုံရွယ်ထားတဲ့ မိုင့်ရဲ့ဘယ်သူ့ကိုမှမပြတဲ့ မိုင့်ရဲ့အားနည်းနေတဲ့ တစ်ဘက်ခြမ်းဖြစ်သည်

" သက်ထား ငါသာ သူနဲ့မတွေ့ခဲ့ရင်လေ ဒီလိုတွေမဖြစ်ခဲ့ရင်လေ အခုအချိန်မှာ တစ်စုံတစ်ယောက်နဲ့ပဲဖြစ်ဖြစ် ချစ်ပီး ငါပျော်နေမယ် ထင်လားဟင် "

မိုင်ပြောတဲ့စကားက သိပ်မှန်သည် သို့သော် မိုင့်ရဲ့မေးခွန်းအတွက် သက်ထားမှာ အဖြေပြန်ပေးစရာမရှိ

သူရခွန်နဲ့ ပတ်သက်ပီး သက်ထား ဘယ်လောက်ပဲသဘောမကျခဲ့ပါစေ မိုင်ပျော်နေရုံကြောင့်နဲ့ သက်ထား မကန့်ကွက်ခဲ့ပါ

ကျွန်မက မိန်းမသား ( completed )Where stories live. Discover now