တစ်ချိန်က ဆောင်းအိမ်မက်

73 3 0
                                    

နှောင်း အိမ်မက်တစ်ခုကို မက်ခဲ့ဖူးသည်

အိမ်မက်ထဲမှာ နှောင်းက မြူတွေပြည့်နေတဲ့ အခန်းကျယ်ကြီးထဲမှာ စမ်းတဝါးဝါး လမ်းလျှောက်နေခဲ့သည်

တစ်နေရာက မိန်းကလေးတစ်ယောက်အသံကိုကြားနေရပေမယ့် ဘယ်အရပ်ကမှန်း မသိသလို ဘယ်ကို ပြေးရမှန်းလည်း နှောင်းမသိခဲ့

" ဘယ်သူပါလဲ "

ရှိသမျှအားကုန်ညစ်ကာ အော်လိုက်တော့ တစ်ဖက်က " ကယ်ပါအုံး " ဆိုတဲ့ အားမရှိတဲ့ အသံထွက်လာသည်

ကယ်ပါအုံးဆိုတဲ့ သူမရဲ့အသံက ဆို့နင့်ကာ အားအင်မရှိတော့တဲ့ပုံစံမျိုး

ဟိုဟိုဒီိဒီမှန်းကာ ဟိုဒီပြေးလွှားလိုက်တော့ မြူမှုန်တွေက နှောင်းမျက်နှာကို ဝင်တိုးရင်း တစ်နေရာအရောက် ဝုန်းကနဲပြုတ်ကျသွားတော့ နှောင်းတစ်ကိုယ််လုံးလည်း စက်စက်စိုသွားတဲ့ သွေးအိုင်ကြီး

ကြောက်ကြောက်လန့်လန့်နဲ့ ဘယ်ကိုရုန်းထွက်ရမှန်း မသိချိန် နားနားလေးမှာ တီးတိုးကြားလိုက်ရတဲ့ ကယ်ပါအုံးဆိုတဲ့ ခေါ်သံပါးလေး

အသံလာရာကို နှောင်းသေချာကြည့်လိုက်တော့ သွေးကန်ကြီးထဲမှာ ပေါလောပေါ်ပီး မျောနေတဲ့ ဝိုင်း

အခုလည်း အဲ့အိမ်မက်လိုပါ

ဘယ်အချိန်က ပြုတ်ကျသွားမှန်းမသိတဲ့ ဝိုင်းက ရေထဲမှာ အတော်ကိုရုန်းကန်နေခဲ့ပီး ကယ်ပါအုံးကိုတောင် မပီသတော့

ကန်ဘောင်ပေါ်မှာ မူးနေမှန်းသိသာလွန်းတဲ့ မမိုင်က ဝိုင်ပုလင်းကြီးကို ကိုင်ပီး ရီမောနေသည်

မမိုင်တော့ လုပ်လိုက်ပီ

အတွေးကို နောက်မှာထဲပီး နှောင်း ရေထဲကို ခုန်ဆင်းကာ ဝိုင်းကို အပေါ်ဆွဲတင်ဖို့ ကြိုးစားလိုက်သည်

ထိုအခါမှ အရူးလို ရီနေတဲ့ မိုင်က အသိဝင်လာသည်

နှောင်းက ဝိုင်းကို အပေါ်ဆွဲခေါ်သွားပီး သတိရအောင် ကြိုးစားနေသည်ကို နောက်ကနေ မိုင်က ကျောက်ရုပ်လို ရပ်ကြည့်နေခဲ့သည်

နှောင်းရင်ထဲမှာလည်း ဝိုင်းများ သေသွားခဲ့ရင်ဆိုတဲ့ အတွေးနဲ့ အတော်လေးကို ဗလောင်ဆူနေသည်

ကျွန်မက မိန်းမသား ( completed )Donde viven las historias. Descúbrelo ahora