we are friends

88 5 0
                                    

'' နင်ဆိုနေကျ သီချင်းသံလေးတစ်ခေါက်လောက်ဆိုပြပါလား မိုင် ''

'' ဟွန် ''

တစ်ဖက်ကထွက်လာတဲ့ မိုင့်ရဲ့အာမေဋိတ်သံကို ခွန်ရီချင်ခဲ့မိသည်

သို့သော် အခုလို ရူးကြောင်ကြောင် စကားကိုစပြောခဲ့တာ ကိုယ်တိုင်ပဲမို့ မရီဖြစ်ခဲ့ပါ

'' နောက်တာပါဟာ ''

မသိသလိုလေးလျောချရင်း ရီကာမောကာပြောခဲ့တဲ့စကားက ညကြီးမင်းကြီးမှ ph ထဆက်ပီး အဓိပ္ပါယ်မရှိတဲ့တောင်းဆိုမှုကိုမိုင်ကြောက်သွားမှာစိုးလို့သာ ပြောလိုက်ခြင်းဖြစ်သည်

တကယ်စိတ်ရင်းကတော့ ခွန် မိုင်ရဲ့သီချင်းသံကို တကယ် ကြားချင်နေခဲ့တာ

အသံကောင်းတယ်မဟုတ်ပေမဲ့ ရှင်းရှင်းလေးနဲ့ တစ်ခွန်းချင်းဆိုနေတတ်တဲ့ မိုင်ရဲ့ ညတိုင်းလိုလိုသံစဥ်က ကြားရပြန်များတော့ နားထဲစွဲနေခဲ့လိမ့်မယ်လို့ ထိုသီချင်း ကြားခွင့်ရစဥ်က မတွေးမိခဲ့

'' အချိန်နာရီရထားလေး အမြန်နှုန်းပြေး မိုင်တိုင်များလည်းကျော် အတိတ်ကိုသာ မုန်းဆရင်ခုန်သူ ''

ထိုစာသီချင်းစာသားတွေ ဆိုနေတဲ့သူ့အသံက ခွန်မသိစိတ်ထဲမှာ ဘယ်သူဆိုလို့ဆိုမှန်းမသိအောင် စွဲနေခဲ့ပီး ခုနေ့ညတော့ ထူးထူးခြားခြား တစ်ခေါက်လောက် ထပ်နားထောင်ချင်ခဲ့သည်

တကယ်ရော ခွန်မှာ့ အဲ့ဒီလိုထပ်နားထောင်ဖို့ အခွင့်အရေးရှိရဲ့လား

တွေးကြည့်ရင်းနဲ့မှ ခွန်မှာ့ မိုင် ph no ရှိတာကို သတိရသွားခဲ့သည်

မိုင့်ကို ဖိနပ်လိုက်ဝယ်ပေးတုန်းက ဖိနပ်ဆိုင်မှာ ph ကျန်ခဲ့တာမို့ သိမ်းထားဖို့ ခွန့် ph ကိုယူကာ တစ်ခေါက်ဆက်ရင်း ဖိနပ်ဆိုင်ကိုအပြေးပြန်ခဲ့ရဖူးသည်

call history ထဲကို october ကနေ august 18 ရက်နေ့ကဖြစ်လောက်တဲ့ ph no တစ်ခုကိုရှာရင်း ဖုန်းဝယ်ကတည်းက တစ်ခါမှဖျက်မပစ်ခဲ့တဲ့ call history အတွက် ကိုယ့်ကိုကို ကျေးဇူးတင်ခဲ့သေးသည်

မမလဝန်းနဲ့ပဲ ph အပြောများခဲ့တဲ့အပြင် အဆက်အသွယ်ကလည်း သိပ်မရှိခဲ့တော့ အကြာကြီးတော့ မရှာခဲ့ရပါ

ကျွန်မက မိန်းမသား ( completed )Où les histoires vivent. Découvrez maintenant