မြိုသိပ်ထားသောစကားလုံးများ

86 3 1
                                    


'' ငါပြန်ချင်ပီ ''

ထိုရုတ်ချည်းစကားနောက်တွင် သူငယ်ချင်းတစ်ချို့က ခွန့်ကို ပွဲဖျက်သူလိုလို ဝိုင်းကြည့်ခဲ့ကြသည်

ဒါပေမယ့် ဘယ်တတ်နိုင်မလဲ ခွန်မှ မနေပျော်ဘဲ

ပျော်မယ်ထင်တဲ့အရပ်ကို နောက်ဆုံးအကြိမ် ငဲ့ကာကြည့်လေတော့ သူမက စိုးရိမ်တဲ့မျက်ဝန်းတွေနဲ့ ခွန့်ကိုကြည့်နေသည်

သို့သော် မပြန်ပါနဲ့ဆိုတဲ့စကားကိုတော့ တစ်ခွန်းမှ ထမပြောခဲ့ပါ

'' ဘာဖြစ်လို့လဲကွာ '' ဆိုတဲ့ ရန်လင်းစကားကိုတော့ နေမကောင်းလို့လို့သာ ဆင်ခြေပေးလိုက်သည်

စိတ်မှမပျော်ဘဲ ခန္ဓာကိုယ်ကရော နေလို့ကောင်းပါအုံးမလား

'' တူ တူ တူ တူ ''

အဆက်မပြတ်မြည်နေတဲ့ ဖုန်းဝင်သံနောက်မှာ မချင့်မရဲစိတ်တစ်ချို့နဲ့ လက်ထိပ်ကို ကိုက်နေခဲ့မိသည်

ပုံမှန်ဆို မိုင့်ဘက်က ခွန့်ကို ဖုန်းခေါ်လေ့မရှိတတ် အမြဲလိုလို သူ့ဘက်က အလိုက်သင့်ဆက်လာတဲ့ ဖုန်းနောက်မှာ အေးဆေးလေးအရောတဝင်နေလိုက်ခဲ့ရုံသာ

ဒါကြောင့်လည်း အခုလို ခွန့်ကို ဖုန်းခေါ်နေရတာ အထူးတဆန်းလိုဖြစ်နေသည်

'' တူ တူ တူ တူ ''

'' hello ''

တစ်ဖက်ဆီမှအသံကား နှစ်လိုဖွယ်ကောင်းတဲ့ယောက်ျားတစ်ယောက်ရဲ့အသံဖြစ်လင့်တကား အေးစက်စက်နိုင်လွန်းလှသည်

တကယ်ပဲ မနက်တည်းက ဘာတွေဖြစ်နေတာလဲ သူရခွန်

'' မနက်က ခွန် ဘာဖြစ်တာလဲ ''

မိုင် သိချင်တာကို မြန်​မြန်ဆန်ဆန်ပဲမေးမိလိုက်သည်

ခွန့်အတွက်တော့ ဒီမေးခွန်းက တည့်တိုးဆန်လွန်းသည့် ခွန်မဖြေရှင်းချင်တဲ့ ပုစ္ဆာတစ်ခုပင်

'' နေလို့မကောင်းလို့ပါ ''

'' ဟုတ်လို့လား ခွန်က မိုင့်ကို ဘာမှမသိတဲ့လူတစ်ယောက်လို့ထင်နေတာလား မိုင် အဲ့လောက်ထိ လူကဲခတ်မညံ့ဘူးနော် မနက်က ခွန်ရုတ်တရက်ကြီး ဘာလို့ထပြန်သွားလဲဆိုတာ မသိရလောက်အောင် ''

ကျွန်မက မိန်းမသား ( completed )Où les histoires vivent. Découvrez maintenant