ကြွေခွက်နှင့်တူသော ကံကြမ္မာ

22 0 0
                                    

'' ခွမ် လမ်လမ်လမ် ''

အတော်အတန်တိတ်ဆိတ်ပီး သူတို့အာရုံနဲ့သူတို့ နေနေကြတဲ့အခန်းထဲ အသံတစ်သံကြားလိုက်ရတော့ အားလုံးက အသံကြားရဆီဝိုင်းကြည့်ကုန်တော့သည်

'' ဒေစီ ''

တရားခံဘယ်သူလဲမေးစရာမလိုအောင် သူလုပ်ထားမှန်းသိသာလွန်းတဲ့ မျက်နှာထားနဲ့ ဖန်ကွဲစတစ်ချို့ကြား ဒေစီကရပ်နေသည်

'' ဒေစီ ရှသွားသေးလား ''

'' ဘယ်လိုဖြစ်ရတာလဲ ''

'' မလှုပ်နဲ့နော် ငါ တံမြက်စည်းသွားယူလိုက်အုံးမယ် ''

အားလုံးက ဒေစီ့ကို စိုးရိမ် စိတ်ပူ အလုပ်ရှုပ်နေကြပေမယ့် ဒေစီကတော့ ဖန်ကွဲစတွေကြားက ကြွေခွက်လေးတစ်ခုကို လိုက်ကောက်နေသည်

ခြင်းလိုက်ပြုတ်ကျတဲ့ ဖန်ခွက်ခြင်းတစ်ခုထဲက ကြွေခွက်တစ်ခွက်က ခိုင်ခံ့သည်လား အကျသက်သာသည်လား မသိပေမယ့် မကွဲဘဲ အက်ရာတစ်ချို့နဲ့အကောင်းအတိုင်းကျန်ရှိနေသည်

'' တော်သေးတယ် ဒီတစ်ခွက်မကွဲသေးဘူးဟ ''

ဝမ်းသာနေတဲ့ ဒေစီကိုမြင်တော့ တံမြက်စည်းယူပီးအခန်းထဲပြန်ရောက်လာတဲ့ သက်ထားက သက်ပြင်းချသည်

'' ဘာကိုတော်ရမှာလဲ အက်ရာရပီးသား ကြွေခွက်က မကြာခင် ကွဲမှာပဲကို ''

ကြွေခွက်နှင့်တူသော ကံကြမ္မာ

'' ဘာသောက်အုံးမလဲ ''

အအေးဆိုင်သေးသေးလေးရှေ့မှာ ကောင်လေးနဲ့ကောင်မလေးတစ်ယောက်ရပ်နေပီး menu card ကိုကြည့်ကာ အအေးရွေးနေကြသည်

'' အမ ထောပတ်သီးဖျော်ရည် တစ်ခွက်နော် အဲ့တာပဲ အရင်လုပ်ပေးပါ ''

menu ကိုတောင် မကြည့်တော့ဘဲ ကောင်လေးက မှာပီးချိန်မှာ ကောင်မလေးကတော့ ရွေးလို့မပီးသေး

အချိန်အတော်ကြာ menu card ကို အထက်အောက် အထက်အောက် အပြန်ပြန်အလှန်လှန် ကြည့်ပီးခါမှ

'' အမ... ဟိုလေ... ''

အခုထိ မပီးဆုံးသေးတဲ့ စိတ်ထွေပြားခြင်းအပေါ်ကောင်လေးကပဲ အစားဝင်ကာ

'' စတော်ဘယ်ရီဒိန်ချဉ် တစ်ခွက် ''

ထိုအခါ ကောင်မလေးက

ကျွန်မက မိန်းမသား ( completed )Donde viven las historias. Descúbrelo ahora