အချစ်နှင့်အမုန်း

56 1 0
                                    

နွေရာသီကုန်ဆုံးလို့ ကျောင်းတောင် တဖန်ပြန်ဖွင့်ခဲ့ပီ မိုင်ကတော့ နွေရာသီမှာ ပျော်မွေ့တုန်း

ကျောင်းဖွင့်ချိန်မှာတော့ မိုင် ရန်လင်းတို့ကျောင်းကို ကျောင်းပြောင်းတက်ခဲ့သည်

မိုင်ချည်းပဲလားတော့လည်းမဟုတ်ပါ အထက တစ်ကျောင်းတည်းသာရှိတဲ့နယ်မြို့လေးမှာ ရှိသမျှ အလယ်တန်းကျောင်းများဆီက ကျောင်းသားတိုင်းက ကိုးတန်းရောက်တိုင်း ဒီကျောင်းကို ပြောင်းလာကြရသည်

ရပ်ကွက်အစုံ ကျောင်းအစုံကကျောင်းသားတွေ ပေါင်းစုံသည့်ဒီအချိန်ဟာ ပျော်စရာကောင်းတာလား ပွက်လောရိုက်တာလား

နယ်မြို့လေးက အထက်တန်းကျောင်းဆိုရာဝယ် မိုင်ထင်သလောက်လည်း အခြေအနေမဆိုးခဲ့ပါ

ဟောင်းနွမ်းနေတဲ့ အဆောက်အဦးများက သူတို့နံရံပေါ် ဖက်တွယ်ရှင်သန်နေတဲ့ နွယ်ပင်အချို့နဲ့ပေါင်းစပ်လိုက်လေတော့ ရှေးဆန်နေသ​ယောင်

ထို့နောက်တော့ ကျယ်ဝန်းလှတဲ့ကျောင်းဝန်းနဲ့ အဝန်းမျက်နှာစာမှာပဲ ထီးထီးမားမား ပေါက်နေတဲ့ လက်ပံပင်ကြီး

နှစ်ချို့နေတဲ့ ဒီလက်ပံပင်ကြီးမှာ သရဲကပ်စွဲနေတယ်လို့တောင် ယုံတမ်းပုံပြင်တွေပြောကြပေမယ့် မိုင်ကတော့ အလွန်အမင်းကို အဲ့ဒီလက်ပံပင်ကြီးကို စွဲလမ်းခဲ့သည်

တစ်ပင်လုံး နီနီရဲအောင်ပွင့်လေတဲ့အပင်တွေဟာ မိုင့်ကိုညို့ယူနိုင်စွမ်းအတော်ရှိပုံပေါ်သည်

ဒီလိုအပင်တွေတွေ့လေတိုင်း မျက်တောင်မခတ်တမ်းငေးကြည့်မိတာ မိုင်အကျင့်လိုဖြစ်နေပီ

ကိုးတန်းဆောင်ရှေ့ မြက်ခင်းပြင်မှာ စက်ဘီးကိုရပ်ရင်း ဒီလက်ပံကြီးများပွင့်ချိန်ဆို ဘယ်လောက်လှလိုက်မလဲလို့ မိုင်စိတ်ကူးကြည့်မိသည့်အချိန်က မနည်းမနော

သက်ထားကလည်း မိုင်နည်းတူ ကျောင်းပြောင်းကျောင်းသူပင်

သက်ထားရော မိုင်ပါ ကျောင်းပြောင်းကျောင်းသူများဖြစ်ပါရက်နဲ့ လက်ဟောင်းကျောင်းသားများဖြစ်သော ရန်လင်းတို့နှင့် သက်ထားက တစ်ခန်းတည်းကျခဲ့သည်

ကျွန်မက မိန်းမသား ( completed )Donde viven las historias. Descúbrelo ahora