ရှောင်းကျန့်လေးရဲ့ဘဝမှာ အရာရာဟာလိုလေသေးမရှိအောင် ပြည့်စုံလှတယ်...လက်ညိုးညွှန်ရာရေဖြစ်တယ်ဆိုသလိုပဲ သူလက်ညိုးထိုးပူဆာသမျှမရဘူးဆိုတာမရှိစေရဘူး...၊
နန်းတော်သမျှကြီးကျယ်ခမ်းနားတဲ့အိမ်ကြီးထဲမှာဆိုရင် သူ့အတွက် ကစားကွင်းကအစ ရုပ်ရှင်ရုံကအဆုံးစီစဉ်ပေးထားနိုင်သည်အထိကိုပြီးပြည့်စုံတယ်...၊အထိန်းတော်တွေအမြောက်အများကြားထဲမှာ ရှောင်းကျန့်လေးဟာ တကယ့်ကိုအချစ်ခံလေးပေါ့....ကလေးမျက်နှာတစ်ချက်အညိုးမခံရအောင်ထိန်းသိမ်းရတဲ့ အထိန်းတော်တွေရဲ့တာဝန်ကလဲတကယ်ကိုမသေးလှပါဘူး...၊
ကျောင်းတက်ရမဲ့အရွယ်ရောက်တော့လဲ နာမည်ကြီးပေ့ဆိုတဲ့ဆရာ ဆရာမတွေငှါးလို့ အိမ်မှာသီးသန့်စာသင်စေတယ်...ရှောင်းကျန့်လေးက နဂိုဉာဏ်ကောင်းသူမို့ ဆရာ ဆရာမတွေဆီကအမြဲတမ်းချီးကျူးစကားသံကတော့ ကြားရစမြဲ...၊
တစ်ဦးတည်းသောသားလေးဖြစ်သလို လူမှန်းသိတတ်စကတည်းက အထိန်းတော်တွေလက်ထဲကြီးပြင်းလာတဲ့ ရှောင်းကျန့်လေးအတွက် အထိန်းတော်တွေကပဲသူငယ်ချင်း အထိန်းတော်တွေကပဲ မောင်နှမ လိုဖြစ်နေလေတယ်....
ပြင်ပလောကကြီးဆိုတာ တစ်ခါမှအပြင်မထွက်ဘူးတဲ့ရှောင်းကျန့်လေးအတွက် ရိုးရိုးစာလုံးလေး၅လုံးထက်ပင်မပို...၊
ဘယ်သူမှအပြင်ခေါ်မထုတ်ရဲသလို ရှောင်းကျန့်လေးကိုယ်တိုင်ကလဲ မတောင်းခဲ့ဖူးဘူး...၊အထိန်းတော်တွေဆိုတာကလဲ ရှောင်းကျန့်လေးထက် အသက်၂၀ကျော်ကြီးတဲ့သူတွေပဲဆိုတော့ တခါတလေ လိုက်မဆော့နိုင်တဲ့အခါမျိုးဆို ရှောင်းကျန့်လေးနားပဲငုတ်တုတ်ထိုင်နေကြတာမျိုးရှိကြတယ်...သူဌေးသားလေးဆိုပြီး အော်ဟစ်ဆူပူတာမျိုးမရှိတတ်တဲ့ ရှောင်းကျန့်လေးကတော့ အဲလိုအခြေအနေမျိုးဆို ကိုယ့်ဘာကိုတစ်ယောက်ထဲဆော့နေတတ်တယ်...၊
အထိန်းတော်တွေထဲမှာ ရှောင်းကျန့်လေးကိုအချစ်ဆုံးကတော့ အထိန်းတော်ယွီပဲဖြစ်တယ်...အထိန်းတော်ယွီက ရှောင်းကျန့်မမွေးခင်ထဲကရှိနေခဲ့တာဖြစ်ပြီး ရှောင်းကျန့်လေးရဲ့ဝေယျာဝစ္စအားလုံးကိုဦးဆောင်တာဝန်ယူတဲ့အမျိုးသမီးတစ်ယောက်လဲဖြစ်တယ်...ရှောင်းကျန့်လေးနားနေရတဲ့ အထိန်းတော်တွေဟာ တခါတလေ လူအမြဲပြောင်းရတယ် ဘာကြောင့်လဲဆိုတော့ မိဘတွေအနားမှာအမြဲမရှိတဲ့ကလေးတစ်ယောက်ကိုထိန်းရတဲ့သူတွေဟာ တော်ရုံစိတ်မရှည်ပြတတ်တဲ့အပြင် ဂရုစိုက်ဖို့လစ်ဟာနေတတ်တော့ အထိန်းတော်ယွီသိတဲ့နေ့ဟာ ထိုသူအလုပ်ထွက်ရတဲ့နေ့ဖြစ်တယ်...၊