ဝမ်ရိပေါ်တို့တစ်ဖွဲ့လုံးနဲ့တွေ့ပြီးတာနဲ့ လုလုတစ်ယောက်က စီနီယာတွေနဲ့ခင်ချင်တယ်ဆိုပြီး နားပူနားဆာလုပ်နေတော့တယ်...၊
"လုလု မင်းဘာလို့အသဲအသန်ဖြစ်နေရတာလဲဟမ် သူတို့အကြောင်းဘယ်လောက်သိလို့လဲမင်းက"
"ဒီမှာထုထု ငါပြောမယ် ငါ့ရဲ့တက္ကသိုလ်ရည်မှန်းချက်ကလေ ငါလာတာနဲ့ကောင်မလေးတွေက ဝိုင်းအော်ပြီးကြည့်နေကြတာမျိုး ရုပ်ရှင်ထဲမှာမင်းမြင်ဖူးတယ်မလား ဥပမာကွာ ဟို F4 မင်းသားတွေလိုပေါ့ ငါက စတိုင်လ်နဲ့လျှောက်လာတာ ဘေးကမိန်းကလေးတွေက ပါးစပ်လေးတွေဟပြီ....ဟိဟိ"
"မင်းလိုမျက်နှာရူးက ဟမ့်"
"ထုထုနော် မင်းနဲ့ငါကဘာတွေကွာနေလိုလဲ ငါရုပ်ဆိုးရင်မင်းလဲရုပ်ဆိုးတာပဲ ရှောင်းကျန့် မင်းပြောကြည့် ငါချောလား"
"ဟမ်"
အခန်းထဲက ကိုယ်နေရာလေးကိုဖုံလေးတွေခါနေတုန်း လုလုကလှမ်းမေးလာတော့ ရှောင်းကျန့်ကယောင်ယမ်းပြီး ခေါင်းငြိမ့်လိုက်မိတယ်...
"ဟား ရှောင်းကျန့်ကတော့ အရူးဘုံမြောက်နေပါပီ"
"အမှန်မြင်တာပါရှောင်းကျန့်က အန်းးး ရာသီဥတုကလဲကောင်းနေတယ် ရေချိုး ခေါင်းလျှော်ထားတယ်ဆိုတော့ အပြင်သွားရအောင်"
"အချိန်ကိုလဲကြည့်အုံး ဘယ်နားကရာသီဥတုကကောင်းနေတာလဲ"
"ညနေ၆နာရီဆိုတာ လမ်းလျှောက်လို့ကောင်းပါတယ်ကွ လာပါဟာ ပျင်းလို့ပါ နော် နော် နော်"
တကယ်ကိုလုလုက ကလေးဆိုးတစ်ယောက်လိုကိုပူဆာနေတာ လူပုံစံက ပြည့်ပြည့်လုံးလုံးနဲ့မို့ သူတစ်ခါခါလိုက်ရင် ဗိုက်ကအဆီလေးပါတုန်သွားတတ်တာမျိုး...
ထုထုနဲ့ညီအစ်ကိုချင်းဆိုပေမဲ့ ထုထုကသပ်သပ်ရပ်ရပ်နေတတ်ပြီး ကြည့်ကောင်းတဲ့အထဲမှာပါတယ်...
ရှောင်းကျန့်ရော ထုထုရော သန့်သန့်ရှင်းရှင်းနေပေမဲ့ အဆောင်ကအခန်းကိုအမြဲသန့်ရှင်းရေးလုပ်ရတယ် တရားခံကတော့ လုလုပေါ့...
မုန့်စားရင် တစ်ခန်းလုံးအနှံ့ပတ်စားတတ်တာ ရှောင်းကျန့်ကုတင်ဆိုလဲ မုန့်အမှုံစတွေအမြဲရှိလို့ ခါပြုပြီးမှအိပ်ရတာအမြဲ...၊