ကောင်းရှင်းစုန့်က ရှောင်းကျန့်အကြောင်းသိပြီး အဆက်အဆံသိပ်မလုပ်ချင်ပေမဲ့ ဝမ်ရိပေါ်တို့အဖွဲ့ကြောင့်သာ အလိုက်အထိုက်နေနေရတယ်...
ဝမ်အိမ်တော်ရောက်ရင်တော့ ရှောင်းကျန့်နဲ့မပေါင်းခိုင်းစေဖို့ ဝမ်မားကိုစည်းရုံးဖို့တွေးထားတာမို့ ကျောင်းပိတ်ရက်ရောက်တာနဲ့ အကြောင်းမရှိအကြောင်းရှာပြီး ဝမ်အိမ်တော်ဆီထွက်လာခဲ့တယ်...."အိမ်မှာ မုန့်လုပ်စားကြလို့ အန်တီဝမ်အတွက်လာပေးတာ"
"ဟယ် ရှင်းလေး လာလာ တကူးတကသားရယ်"
"တကူးတကမဟုတ်ပါဘူး အန်တီဝမ်အတွက်တမင်လာတာပါနော်"
"ဟုတ်ပါပြီရှင် ရှင်းလေး ထိုင်နော် ဝေး အအေးလေးယူခဲ့ကြအုံး"
ဝမ်ကတော်က အလုပ်သမားတွေဆီအော်ပြောပြီးတာနဲ့ ဧည့်ခန်းမှာ ကောင်းရှင်းစုန့်နဲ့အတူဝင်ထိုင်သည်...၊
"ဟုတ် ဒါနဲ့ရိပေါ်ရော"
"ဝမ်လေးက ဘယ်တော့မှအိမ်မကပ်ပါဘူးသားရယ် ကျောင်းပိတ်ရက်လဲလျှောက်သွားနေမှာပေါ့ ငယ်တုန်းမို့ နေချင်သလိုနေပါစေဆိုပြီးလွှတ်ထားတာ အထက်တန်းပြီးရင်တော့ အလုပ်ကိစ္စတွေသင်ယူဖို့ လေ့ကျင့်ပေးရတော့မယ်"
"ဟုတ်တယ်နော် ရိပေါ်က လမ်းဘေးကကလေးတွေနဲ့ဆိုလဲပေါင်းလိုက်တာပဲ ငယ်ငယ်ကဆို သားကိုလဲခေါ်ပြီးအတူတူဆော့ခိုင်းတာ သူတို့ညစ်ပတ်တာကြည့်ပြီး လိုက်မဆော့ကတည်းက ခေါ်ကိုမခေါ်တော့တာ"
"သူက အဲလိုကလေးတွေနဲ့ပေါင်း ပြီးရင်သူကဆရာကြီးလုပ်လေ ကလေးသဘာဝနေပါစေဆိုပြီးလွှတ်ထားပေမဲ့ အန်တီဝမ်တို့လဲနောက်မှာ လူလွှတ်ထားရတာ သိတယ်မလား"
"ဟုတ်တယ်ဟုတ်တယ် ဒါပေမဲ့ ရိပေါ်ကအပေါ်ယံပေါင်းရုံမို့ စိတ်ပူစရာတော့မရှိပါဘူးအန်တီဝမ်ရဲ့ သူအတည်ပေါင်းတာ ကုဝေ ဟောက်ရွှမ်းနဲ့ ရှီးချန်ပဲရှိတာပါ အခုဆိုသားလဲပြန်ရောက်လာပြီလေ ဘာမှစိတ်ပူမနေတော့နဲ့ အာ... စိတ်ပူမနေနဲ့ဆိုမှ ပြောရအုံးမယ်"
"ဘာများလဲ သားရဲ့"
"ဟို ရိပေါ်တို့အဖွဲ့ထဲမှာလေ ရှောင်းကျန့်နဲ့ကျန်းချန်ဆိုပြီး နှစ်ယောက်တော့တိုးလာတယ် ကျန်းချန်က ကျန်းလုပ်ငန်းစုကဆိုပေမဲ့ အသေးစားပါပဲ ရှောင်းကျန့်ကတော့...."