3

5.7K 456 6
                                    

ကိုယ့်လိုအရွယ်ကောင်လေးတွေကို မြင်လိုက်ပြီးကတည်းက ရှောင်းကျန့်လေးက ခြံတခါးနားကိုသွားဖို့ပဲစိတ်ပြင်းပြနေမိတော့တယ်...သို့ပေမဲ့ တနေ့က နှင်းတောထဲဆော့မိတဲ့ အကျိုးကတော့ နှာစေးတာပါပဲ...နှာလေးတရှုံ့ရှုံ့ဖြစ်သွားတဲ့ ရှောင်းကျန့်လေးကို အထိန်းတော်ယွီက ဆေးတွေတိုက်ပြီး အခန်းထဲမှာသာနားစေတယ်...၊
သားနေကောင်းပါတယ်လို့ပြောပေမဲ့ သခင်မကြီးတို့ဖုန်းဆက်လာရင် ကျန့်ကျန့်ကနှာသံဖြစ်နေလို့မရဘူးတဲ့လေ...

ဝရံတာလေးမှာ အနွေးထည်ကြီးဝတ်လို့ ခြံတံခါးနားကိုမျှောကြည့်နေရတယ်...ဒါပေမဲ့ အပင်တွေနဲ့ကွယ်နေတော့ လမ်းမကိုမမြင်ရဘူး...

အာ...သိပီ

အခန်းထဲပြန်ဝင်ပြီး ကစားစရာတွေထည့်ထားတဲ့ ဗီဒိုကိုဖွင့်လိုက်တယ် အဲထဲကမှ တခါမှထုတ်မကြည့်ဖူးတဲ့ မှန်ဘီလူးလေးတစ်ခုက သူ့လက်ထဲပါလာတယ် ဒီမှန်ဘီလူးက မနှစ်ကသူ့မွေးနေ့မှာ ပါပါး နိုင်ငံခြားကမှာပေးထားတဲ့မှန်ဘီလူးလေး လက်ကိုင်လေးမှာ xz လိုလဲရေးထားသေးတာ.. အိမ်ထဲမှာနေရတဲ့ ရှောင်းကျန့်လေးကဘာမှကြည့်စရာမရှိလို့ ထုတ်တောင်မကြည့်ဖြစ်ခဲ့တာ အခုခြံပြင်ကိုကြည့်ရဖို့ မှန်ဘီလူးလေးလိုအပ်လာပီ...

ဗီဒိုတံခါးကိုပိတ်ပြီး ခုန်ဆွ ခုန်ဆွနဲ့ ဝရံတာကိုသွားလို့ ခြံပြင်ရှိလောက်မယ်နေရာကို မှန်ဘီလူးနဲ့ချိန်လိုက်တယ်...ဟိုဘက် ဒီဘက်နဲနဲရွှေ့ကြည့်တော့ ဟော.. တွေ့ပါပီ မန်ထိုလေးတို့အဖွဲ့...

မန်ထိုလေးတို့အဖွဲ့က ရှောင်းကျန့်တို့စံအိမ်ရဲ့မျက်စောင်းထိုးနားက ကစားကွင်းလေးမှာကစားနေကြတာ...

"ကစားတာကလဲ တစ်ယောက်နဲ့တစ်ယောက်အားကြီးနဲ့ချလို့ ဟင်"

ကြည့်ရတာ ၂ဖွဲ့ပြိုင်နေကြပုံပဲ...ကြည့်နေရင်းမှ မန်ထိုလေးလဲကျသွားတာတွေတော့ ရှောင်းကျန့်လက်ထဲကမှန်ဘီလူးပါ ရောယောင်းရင်း အောက်ချမိသွားတယ်...နောက်မှသတိရပြီးပြန်ကြည့်တော့ မန်ထိုလေးကပြန်ထပြီး ပြန်ချနေတာတွေ့ရတယ်...

ရှောင်းကျန့်အားမရဘူး အနီးကပ်ကြည့်ချင်တယ်....

"ကျန့်ကျန့်လေး ဆေးသောက်ကြမယ်"

ဒီလူတစ်ယောက်သာ...Where stories live. Discover now