ကိုယ်တိုင်းပေးပြီးတာနဲ့ စံပြကျောင်းသားအဖွဲ့တွေက သူတို့အဆောင်ကိုပြန်သွားကြပြီး ရှောင်းကျန့်တို့ကလည်း ပွဲအတွက်အလုပ်စလုပ်ရချေပြီ...၊
"စီနီယာရိပေါ်က ချေလိုက်တာကွာ ငါဖြင့်လန့်တောင်လန့်တယ်"
လုလုကရိပေါ်ကိုတော်တော်လန့်သွားသည်ထင် ပြန်သွားပြီးကြတာတောင် ရင်ဘက်ဖိပြီးလန့်ပြနေတုန်း...
နောက်တခါလုလုဆိုးရင် မန်ထိုလေးနဲ့တိုင်ပြောရမယ် ဟိဟိ...။"ဒါနဲ့ရှောင်းကျန့် ဒီအပတ်မင်းအလုပ်ကနေ ခွင့်ယူလို့ရလား"
"မရဘူးလုလုရယ်"
"မင်းကကွာ တစ်ရက်လောက်လေးလျှောက်လည်ချင်လို့ပါဆိုမှ"
"တကယ်မရလို့ပါလုလုရယ် ပိတ်ရက်လေးပဲဆင်းရပြီး လစာအပြည့်ရနေတဲ့အလုပ်လေး ငါမပြုတ်ချင်ဘူးလေနော်"
"ဟွန်း မင်းရော ထုထုရော အတူတူပဲ တစ်ယောက်ကလဲအလုပ် တစ်ယောက်ကလဲ ပိတ်ရက်မို့အပြင်မထွက်ချင်နဲ့"
"နောက် အဆင်ပြေရင်သွားမှာပေါ့လုလုရဲ့ ဟုတ်ပီလား"
"ပြီးတာပဲ ဟင်း.."
"ရှောင်းရှောင်းရေ အစ်မဆီခဏလောက်"
ရှောင်းကျန့်ကသူ့ကိုခေါ်တာမို့ လုပ်လက်စတွေချပြီး စီနီယာကျန်းလီနားသွားလိုက်တယ်...စီနီယာတွေက ရှောင်းကျန့်နဲ့လုလုကိုဆို ဝိုင်းဂရုစိုက်ပေးကြပြီး ချစ်ခင်ပေးကြတယ် ရှောင်းကျန့်ကိုလည်း လုလုလိုနာမည်နှစ်ထပ်ခေါ်မယ်ဆိုပြီး ရှောင်းကျန့်ကနေ ရှောင်းရှောင်းဆိုပြီးခေါ်ကြတာကနေ အခုလိုမန်ထိုလေးနဲ့ပြန်တွေ့တဲ့အချိန်မှာသိပ်အသုံးဝင်ခဲ့ရတာ...၊
"အစ်မကျန်းလီ ဘာခိုင်းမလို့လဲ"
"အင်း ဒီမှာလေ စံပြကျောင်းသားတွေအတွက် ကြယ်သီးတွေကုန်တော့မှာကို အခုမှသိကြတယ် အဲဒါရှောင်းရှောင်းသွားပေးမလား တခြားလူလဲမလွှတ်ချင်လို့"
"ဟုတ် ရတယ် ကျွန်တော်သွားပေးမယ်နော်"
"အာ့ဆို ဒီမှာစာရင်းစာရွက်နဲ့ ပိုက်ဆံနော် လုလုကိုအဖော်ခေါ်ချင်ခေါ်သွားလိုက်လေ ရှောင်းရှောင်းတစ်ယောက်ထဲဖြစ်နေမှာဆိုးလို့ နောက်ပြီး အရမ်းလဲအလျင်မလိုသေးဘူးသိလား"