"ဖြေးဖြေး ဖြေးဖြေး ဒီမှာထိုင် လာ"
"အိုက်ယား ဝမ်ရိပေါ်ရယ် ဟိုကကလေးလဲမဟုတ်ပါဘူးဟ"
"ကလေးပဲဖြစ်ဖြစ် လူကြီးပဲဖြစ်ဖြစ်ကွာ ငါစိုးရိမ်လိူ့ဂရုစိုက်တာဘာဖြစ်လဲ ပြီးတော့ ငါ့သည်းက အခုမှဆေးရုံကဆင်းလာတာလေ မင်း ဒါလေးတောင်နားမလည်ဘူးလားဟောက်ရွှမ်း"
ရှောင်းကျန့် ဆေးရုံကဆင်းရတော့ ရိပေါ်ရဲ့ကွန်ဒိုကိုပဲပြန်လာကြတာမို့ သူငယ်ချင်းတွေကလဲအကုန်ပါလာကြတယ်...အိမ်ထဲဝင်လိုက်တာနဲ့ ရှောင်းကျန့်ကိုပွေ့မချီရုံတမယ် ဝမ်ရိပေါ်ရဲ့အကဲပိုနေမှုကို ဟောက်ရွှမ်းတို့ကမျက်စောင်းထိုးကြပါလေရော....၊
"မန်ထိုလေးရယ် သူတို့ကစတာပါ ပြီးတော့ ငါလဲသက်သာနေပါပြီ"
"မရဘူးကွာ စကားတွေမပြောနဲ့တော့ ရော့ ရေလေးသောက်လိုက်အုံး ညနေကျဘာစားချင်လဲ တစ်ခုခုစားပြီးဆေးသောက်ရအုံးမှာ"
"အခုမှနေ့လည်ပဲရှိသေးတယ်လေဝမ်ရိပေါ်ရဲ့ မင်းကညနေကိစ္စကိုမေးနေပြီလား ပိုကိုပိုလွန်းတယ်"
"ကျစ် မင်းတို့အားလုံးသွားကြတော့ ငါနဲ့ငါ့သည်းနားတော့မယ် သွား သွား"
"အယ် ဝမ်ရိပေါ် မင်းဟာကနော်"
"အေးလေ ဒီကောင်ဘာဖြစ်တာလဲ"
ရိပေါ်ပြောသမျှရွဲ့ပြီးပြောနေကြတဲ့သကောင့်သားတွေကို အတင်းနှင်လွှတ်ပြီး တံခါးကိုလော့ချပြီးပြန်ပိတ်ထားလိုက်တယ်...အေးတာပဲ။
"အားနာစရာကြီး မန်ထိုလေးကလဲ"
"သူတို့မောင့်ကိုလိုက်ပြောနေကြတာရော ကဲပါကွာ...ထားလိုက်တော့ ဘာမှမဖြစ်ဘူး ဒီကောင်တွေနဲ့က...၊ ဒဏ်ရာသက်သာတာနဲ့ မောင့်သည်းကျောင်းဆက်တက်ရမယ်နော် နှောင့်ယှက်မဲ့သူလည်းမရှိတော့ဘူးဆိုတော့ စာကိုပဲအာရုံစိုက်တော့"
"မင်းကရော"
"မောင်လဲတက်မှာပါ ဒါပေမဲ့ အလုပ်ကိုပဲအာရုံစိုက်ချင်လို့ တကယ်တော့ မောင်တို့ကကျောင်းမတက်ရင်လဲရနေပြီ ဒီတိုင်းကျောင်းသားဘဝလေးလိုချင်လို့တက်နေကြတာလေ"
"ဟွန်း သူများသားသမီးတွေများကောင်းလိုက်တာ"
"သူများသားသမီး မောင့်သည်းလင်လင်လေးလေ"