"ဒါကဘယ်လဲ"
"အဲ"
အတန်းချိန်ပြီးတာနဲ့ အိတ်လွယ်ပြီးအပြင်ထွက်မဲ့ ကုဝေကို ဟောက်ရွှမ်းက လှမ်းဆွဲပြီးမေးတယ်...
ကျစ် အသာလေးထွက်သွားပါမယ်ဆိုမှ...
"မင်းနော် မနက်ကလဲအတူတူကျောင်းသွားပါမယ်ဆိုတာကို မစောင့်ပဲသွားတယ်"
အဲဒါ ရှောင်းကျန့်အဆောင်ကိုသွားကြည့်နေလို့ဟ
"ငါစောင့်နေတာပဲ မင်းကကြာနေတော့စိတ်မရှည်ပဲထွက်လာလိုက်တာ"
"ခွေးကောင် မင်း$ပိုမပြောနဲ့ ငါအတူတူသွားမယ်ပြောတာနဲ့ မင်းဆီရောက်တာနဲ့ ၅မိနစ်တောင်မကြာဘူး"
"ကျစ် မသိဘူးကွာ"
ကုဝေကစိတ်ရှုပ်တဲ့ပုံမျိုးနဲ့ ခုံမှာပြန်ဝင်ထိုင်လိုက်တယ်...သူ့နောက်မှာဖုန်းသုံးပြီးထိုင်နေတဲ့ရိပေါ်က ကုဝေပြန်ထိုင်တော့ မျက်လုံးလှန်ကြည့်ပြီး ဖုန်းကိုစားပွဲပေါ်ချလို့...
"ဒါဘယ်သူလဲ"
page မှာတက်နေတဲ့ post ကိုပြပြီးမေးတာမို့ ကုဝေကတော့ မူမပျက်အောင်နေရင်း...
"အာ အသိပါကွာ အဲဒါကိုပေါက်ကရတွေလျှောက်တင်နေတာ"
ရိပေါ်က သူ့ဖုန်းကိုပြန်ယူလိုက်ပြီးသိမ်းလိုက်တယ် ပြီးတာနဲ့...
"ဘယ်ကအသိလဲ ငါအဖွဲ့ဝင်အသစ်လက်မခံဘူးလို့ပြောပြီးသားနော်"
"အာ ငါသိပါတယ် ဒီတိုင်းအပြင်ကအသိပါကွာ"
"ပြီးတာပဲ"
စကားစပြတ်သွားမှကုဝေ မသိမသာသက်ပြင်းချရတယ်...
ရှောင်းကျန့်ကိစ္စနဲ့ပတ်သတ်ပြီးနောက်ပိုင်း ရိပေါ်ကတွေ့ရာလူကိုမခင်ဖြစ်တော့သလို သံယောဇဉ်လဲမထားတော့ဘူး လက်ရှိသူတို့အဖွဲ့နဲ့ပဲပုံမှန်အတိုင်းနေတယ် အဖွဲ့ထဲလူသစ်လဲလက်မခံသလို ခင်ချင်လို့လာမိတ်ဆက်ရင်တောင် လုံးဝအဖက်မလုပ်ပဲနေတာမို့ သူတို့တစ်ဖွဲ့လုံးဟာ မာနကြီးတယ်ဆိုပြီး နာမည်ကြီးတယ်....
တစ်ဖွဲ့လုံးက လူကုံထံအသိုင်းအဝိုင်းကြီးကဖြစ်တဲ့အပြင် ချောမောတဲ့ရုပ်ရည်ပိုင်ဆိုင်ကြတော့ လူတိုင်းကသူတို့ရဲ့အနီးဆုံးမှာနေချင်ကြတာမဆန်း...
သာမန်သူဌေးသားဆိုတာထက် ငယ်စဉ်ကတည်းကလုပ်ငန်းတွေလေ့လာခဲ့ရတဲ့သူတို့အဖို့ တက္ကသိုလ်တက်နေစဉ်မှာပဲကို ကိုယ့်မိဘတွေအလုပ်မှာ ရာထူးကြီးနေရာတွေထမ်းဆောင်နေရပြီ...ဒါ့ကြောင့် သူတို့က နိုင်ငံခြားမှာတက္ကသိုလ်သွားမတက်တော့ပဲ ကိုယ့်နိုင်ငံတွင်းမှာပဲ ဝါသနာပါတာလေးလုပ်ရင်း စိတ်အပန်းဖြေရုံသာ ကျောင်းလာတက်ကြတာမျိုး...၊