လာခေါ်မယ် အဆောင်အောက်မှာစောင့်နေဆိုလို့ ရှောင်းကျန့်ကနာရီလေးတကြည့်ကြည့်နဲ့စောင့်နေတယ်...
ဒီနေ့က fresher welcome နေ့မို့လို့ ကျောင်းသူ/သားအားလုံးတက်ကြွနေကြမှာ ဧကန်မလွဲ...ရှောင်းကျန့်တို့အဆောင်ဆို မိုးလင်းပြီဆိုကတည်းက ဆူညံနေတာမို့ ရှောင်းကျန့်တို့လဲအစောကြီးထပြင်ကြရတာ...၊ဒီနေ့ရဲ့ဝတ်စုံလေးက မန်ထိုလေးကိုယ်တိုင်လိုက်ဝယ်ပေးထားတဲ့အဝတ်အစားဖြစ်ပြီး ဝတ်နေမကြတဲ့ရှောင်းကျန့်အဖို့ ဟိုကယား ဒီကယားသလိုရှိလှတာမို့ မနေတတ်လှပေဘူး...၊
တီ! တီ!
ကားဟွန်းသံကြားမှ အနားကိုမန်ထိုလေးရောက်နေပြီးမှန်းသိတာကြောင့် ကားပေါ်တက်ဖို့ပြင်တော့ ရှောင်းကျန့်ဘေးကနေဖြတ်သွားတဲ့ ထုထုနဲ့လုလုကိုတွေ့တာမို့...
"ထုထု လုလု ငါနဲ့.....လိုက်ခဲ့......ကြပါလားဟင်"
ရှောင်းကျန့်ကခေါ်ပြီးတော့မှ မန်ထိုလေးဘက်လှည့်ကြည့်ရတယ်...သူခွင့်မတောင်းပဲခေါ်မိတာ လက်ခံပါ့မလား....
"ရတယ် ငါတို့ဘာသာသွားလိုက်....."
"လမ်းသင့်တာမို့ လိုက်ခဲ့လိုက်ပါ"
ထုထုတောင်ငြင်းစကားမဆုံးသေး ကြားထဲကဖြတ်ပြောလာတဲ့အသံတစ်ခု...
ထုထုနဲ့လုလုကဆွံ့အပြီးကြည့်နေသလို ရှောင်းကျန့်ကတော့အခုမှစိတ်အေးသွားဟန်...
"ဟုတ်သားပဲ ဘာမှအားမနာပါနဲ့ သူငယ်ချင်းတွေပဲကို"
ထပ်ငြင်းလို့မကောင်းတော့သည်မို့ ထုထုကပဲလုလုကိုဆွဲခေါ်ပြီး ဝမ်ရိပေါ်ရဲ့ကားပေါ်ကိုတက်ခဲ့ရတော့သည်...၊
ကားနောက်ခန်းမှာရှိတဲ့ညီအစ်ကိုနှစ်ယောက်ကလည်း ကားပေါ်ရောက်ကတည်းက တိတ်ဆိတ်နေတာမို့ သူတို့ရှိန်မနေစေရန် ရှောင်းကျန့်ကစပြီးစကားပြောဖို့အပြင်...
"ထုထုနဲ့လုလုမလား"
"ဗျာ ဟုတ် ဟုတ်ကဲ့စီနီယာ"
ရိပေါ်ကရုတ်တရတ်မေးလာတာမို့ အပြင်ဘက်ငေးနေတဲ့ညီအစ်ကိုနှစ်ယောက်လုံး သတိဆိုတဲ့အနေအထားနဲ့ ခါးလေးတွေကအော်တိုမတ်လို့...