32

4.7K 405 6
                                    

📩 ကုဝေနားသိပ်မကပ်နဲ့

ရှောင်းကျန့်က ဘောင်းဘီအိတ်ထဲထည့်ထားတဲ့ဖုန်း တုန်ခါလာတာကြောင့် ထုတ်ကြည့်လိုက်တဲ့အခါ မန်ထိုလေးဆီမှဖြစ်နေတယ် လူကိုလှမ်းကြည့်တော့လည်း သူမဟုတ်တဲ့အတိုင်းပဲ....

"ဘယ်သူ့ဆီကလဲရှောင်းကျန့်"

"အန် ဘယ်သူ့ဆီကမှမဟုတ်ပါဘူး"

လှမ်းစပ်စုတဲ့ကုဝေကြောင့် ဖုန်းကိုကပြာကယာဘောင်းဘီအိတ်ထဲပြန်ထည့်ပြီး လုပ်စရာရှိတာလုပ်နေတော့တယ်...ဒီစံပြကျောင်းသားတွေက သူတို့အဆောင်မှာလုပ်စရာမရှိဘူးလားမသိဘူး အားတာနဲ့ရှောင်းကျန့်တို့စက်ချုပ်နေတဲ့ဆီပဲလာနေကြတာ...
ရိပေါ်ကတော့ အစ်မကျန်းလီနဲ့နဂိုထဲကရင်းနှီးတာကြောင့် ရောက်တာနဲ့ အစ်မကျန်းလီနားမှာပဲနေနေတတ်ပြီး ကျန်တဲ့လူတွေကတော့ စပ်စပ်စုစုနဲ့ဟိုကြည့်ဒီကြည့်ရှိတတ်တယ်...၊

"မင်းကို ရိပေါ်ကအခုထိစကားမပြောသေးဘူးလား"

"ဟမ် အင်း မပြောသေးဘူး"

"အဲကောင်ကကွာ အလကားနေချေနေတယ် ရှောင်းကျန့် ငါအကြံပေးမယ် ဒီလိုလုပ်"

ပြောပြောဆိုဆိုကုဝေကရှောင်းကျန့် နားနားကပ်လာတော့...

"ကုဝေ!"

ရိပေါ်ရဲ့အသံကျယ်ကြီးက ရှောင်းကျန့်တို့တစ်ခန်းလုံးဟိန်းသွားတယ်...

"ဒီမှာ အင်္ကျီလာဝတ်ကြည့်"

"ဟမ့် ဖြေးဖြေးခေါ်လဲရရဲ့သားနဲ့"

ကုဝေကစူပုပ်စွာပြောပြီး ရှောင်းကျန့်နားမှထွက်သွားတော့တယ်...ကုဝေထွက်သွားပြန်တော့ ရှောင်းကျန့်နားကိုဟောက်ရွှမ်းကရောက်လာပြန်တယ်...

"ရှောင်းကျန့် ဘာလိုသေးလဲ ငါဘာလုပ်ပေးရမလဲ"

"ရပါတယ် ဘာမှမလိုပါဘူးဟောက်ရွှမ်းရဲ့"

"အင်း မင်းကိုရိပေါ်နဲ့အဆင်ပြေစေချင်ပြီ"

ဒုန်း!

"အယ်"

ရိပေါ်က ခုံတွေကိုတွန်းတိုက်ကာ အခန်းထဲမှထွက်သွားတော့ အကုန်လုံးကြောင်ကုန်ကြတယ် ဘာဖြစ်မှန်းလဲအားလုံးကမသိကြဘူး...၊

ဒီလူတစ်ယောက်သာ...Where stories live. Discover now