ရက်ပိုင်းအတွင်းဖြစ်ပျက်သွားတာတွေကများတယ်...ရှောင်းကျန့်ဆီအကြွေးလာတောင်းတဲ့အဖွဲ့က လူဆိုးဂိုဏ်းတစ်ဂိုဏ်းဖြစ်နေကြပြီး ရှောင်းကျန့်ကိုအမြဲချိန်းခြောက်ကြတာမို့ နောက်ဆုံးလက်ရှိနေတဲ့တိုက်ခန်းလေးကိုရောင်းချလိုက်ဖို့ကို ရှောင်းကျန့်တွေးနေရပြီ...
ကောင်းရှင်းစုန့်ရဲ့အလုပ်ကို လက်ခံလိုက်ပြီဆိုကတည်းက အလုပ်ကိုလာခိုင်းပြီး လိုအပ်တဲ့စာချုပ်စာတမ်းတွေသွားလုပ်ရတယ်...စာချုပ်အရ ရှောင်းကျန့်ကို၃လအစမ်းခန့်ဖြစ်ပြီး နောက်အဆင်ပြေသွားရင် အမြဲတမ်းဝန်ထမ်းအဖြစ်နဲ့ ရုံးမှာနေရာတစ်ခုနဲ့လုပ်ခွင့်ရှိမယ်...
စည်းကမ်းချက်တွေကတော့ အစမ်းခန့်အတွင်းရုံးပိတ်ရက်မရှိဘူး မဖြစ်မနေခွင့်ယူရင် လစာကဖြတ်မယ်၊ အလုပ်ချိန်က မနက်၈နာရီကနေ ည၈နာရီအထိ....၊
တစ်ပတ်မှနှစ်ရက်တည်းအပြင် စည်းကမ်းချက်တွေကိုလဲ ရှောင်းကျန့်လက်ခံနိုင်တယ်...သို့ပေမဲ့
ကောင်းရှင်းစုန့်ရဲ့ စာချုပ်သက်သက်ကရှိသေးတယ် အဲဒါက...တစ်ချက်တည်းပါပဲ ဝမ်ရိပေါ်နဲ့လုံးဝမပတ်သတ်ရ ပတ်သတ်တာနဲ့အလုပ်ကနေတစ်ခါတည်းတန်းထုတ်ပြီး နာမည်ပျက်စာရင်းထဲပါထည့်မယ်....ကောင်းရှင်းစုန့်ကဘာကြောင့် ရိပေါ်နဲ့ရှောင်းကျန့်ကိုမပတ်သတ်စေချင်ရလဲဆိုတာ ရှောင်းကျန့်သေချာမစဉ်းစားနိုင်ပေမဲ့ ဟိုအရင်တည်းကခင်လာတဲ့ရိပေါ်က ရှောင်းကျန့်ကိုပိုဂရုစိုက်မှာစိုးတာကြောင့်လို့ပဲ ရှောင်းကျန့်တွေးမိတယ်....၊
ကံကြမ္မာကဒီလိုသတ်မှတ်မှတော့ ရှောင်းကျန့်လဲလက်ခံနိုင်ရမယ်လေ...သူတွေ့ကြုံနေရတဲ့အရာက တော်ရုံအခက်အခဲသေးသေးလေးမှမဟုတ်တာပဲ....၊
"အားရီကလဲ ကိုယ်နဲ့သွေးမတော်သားမစပ်နဲ့ ဒုက္ခလာခံနေတယ် အရင်လိုလစာရနေရင်လဲတစ်မျိုး အခုတော့ကိုယ်ကတောင်ပြန်ထောက်ပံ့နေရအုံးမယ် ပိုက်ဆံလဲလွှဲမပေးနိုင်မဲ့အတူတူ ကျုပ်နဲ့ပြန်လိုက်ခဲ့တော့ ဟိုမှာအဘွားကလဲကျန်းမာတာမဟုတ်တော့ဘူး ပြုစုဖို့လူလိုတယ်ဗျ"
"ဟဲ့အားလုံ နင်စကားပြောတာဆင်ခြင်စမ်း သခင်မကြီးတို့ပေးကြွေးထားတာ လည်ပင်းကနင်းရင်အတောင့်လိုက်ပြန်ထွက်မယ်"