43

4.7K 364 9
                                    

"ဒါက ဘာသဘောလဲ သားဝမ်"

အဖေဖြစ်သူရဲ့စာကြည့်ခန်းထဲသို့ ဝင်ရောက်လာသော သားဖြစ်သူက စားပွဲပေါ်သို့ စာအိတ်လေးတစ်အိတ်လာချတယ်...
စာအိတ်မှာရေးထားတာက အလုပ်ထွက်စာ တဲ့....

"ကျွန်တော်...ပါးတို့မားတို့လောင်းရိပ်အောက်မှာနေနေရသရွေ့ ကိုယ်ချစ်တဲ့သူကို ကာကွယ်နိုင်မယ်မထင်လို့ပါ...မာမားအကြောင်း ပါးသိပါတယ် ကျွန်တော့အပေါ်ဘယ်လောက်ထိချုပ်ကိုင်နေလဲဆိုတာ ကျွန်တော့သူငယ်ချင်း ရှီးချန်တို့အတွဲနဲ့အပေါင်းအသင်းမလုပ်ရဘူးဆိုလို့ မာမားတို့ရှေ့ကိုလုံးဝပေါ်မလာစေခဲ့ရဘူးလေ....ဒါပေမဲ့ အခုက ကျွန်တော်ရဲ့ဘဝရှေ့ရေးနဲ့ကျွန်တော်ချစ်တဲ့သူနဲ့သက်ဆိုင်နေတယ်ဆိုတော့ မာမားစကားကို ကျွန်တော်နားထောင်လို့မရတော့ဘူးပါပါး...ဒါ့ကြောင့် Wang Group ကနေထွက်ပြီး ကိုယ့်ဘဝကိုယ်ရပ်တည်ပြီး ကျွန်တော့ချစ်သူနဲ့ရှေ့ဆက်ချင်တယ်ပါပါး"

"သားကသေချာဆုံးဖြတ်ပြီးသွားပြီလား"

"သေချာပါတယ်ပါး ကျွန်တော် ရှောင်းကျန့်ကိုပဲချစ်တယ် သူ့ကိုကာကွယ်ပေးချင်တယ်...သူကလူကောင်းတစ်ယောက်ပါပါး အရမ်းလဲရိုးသားတယ်...ပါးတို့အခုကျွန်တော်နဲ့သဘောတူထားတဲ့ ကောင်းရှင်းမုန့်ဆိုတာ မရိုးရှင်းဘူးပါး သူများကိုယ်ရေးကိုယ်တာကိစ္စကျွန်တော်မပြောချင်လို့ ဒီလောက်ပဲသိထားပေးပါ"

ရိပေါ်ရဲ့ပြောစကားတွေကို ဝမ်ပါးကနားလည်သလိုခေါင်းငြိမ့်တယ်...သေချာစဉ်းစားနေဟန်ပြုရင်း...

"သားက တစ်ခုခုဆိုလက်လွတ်စပါယ်ဆုံးဖြတ်လေ့မရှိတာမို့ သားရဲ့ဆုံးဖြတ်ချက်တွေကို ပါးနားလည်ပါတယ် ရှောင်းအိမ်ကကလေးကိုလဲ ပါးနှစ်သက်ပါတယ် ဒါပေမဲ့ ခုနပြောတဲ့ ကောင်းရှင်းမုန့်ကမရိုးရှင်းဘူးဆိုတာ တစ်ခုခုရှိနေလို့လားသား"

"ဟုတ် ရှိပါတယ် ဒါက ပါးကိုယ်တိုင်စုံစမ်းလိုက်ရင်ကောင်းမယ်ထင်တယ် အရင်ကောင်းရှင်းစုန့်ကနေစပြီးတော့ပေါ့"

"အင်း...ပါးနားလည်ပြီ ဟုတ်ပြီလေသား သားရည်ရွယ်ထားတဲ့လမ်းကိုလျှောက်ပါ ဒါပေမဲ့ ပါးကတော့ ဒီအလုပ်ထွက်စာကို လက်မခံတာမို့ ပြန်ယူသွားချေ လတ်တလော ပါးကကုမ္ပဏီကိုထိန်းသိမ်းထားမယ် ဟုတ်ပြီလား"

ဒီလူတစ်ယောက်သာ...Where stories live. Discover now