၂ရက်မြောက်နေ့အထိ ရှောင်းကျန့်ကအဖျားမကျသေးတော့ အထိန်းတော်ယွီမှာ ပြာယာခပ်နေမိပြီ...အရင်ကဆို ရှောင်းသခင်မကြီးကိုလှမ်းပြောလိုက်တာနဲ့ မိသားစုဆရာဝန်ကိုချက်ချင်းလွှတ်ရင်လွှတ် မဟုတ်ရင် ရှယ်ယာထည့်ဝင်ထားတဲ့ဆေးရုံကိုခေါ်သွားစေပြီး ဆေးကုသမှုခံယူစေတယ်...၊
အခုတော့ဖြင့် ရှိတဲ့ပိုက်ဆံလေးနဲ့ ဆေးခန်းပြရ ဆေးဝယ်ရနဲ့ ချိုးခြံချွေတာနေရတာမို့ အထိန်းတော်ယွီခမျာ ရှောင်းကျန့်အတွက်စိုးရိမ်ပြီးရင်း စိုးရိမ်နေရတယ်..."ကျန့်ကျန့်ရယ် ဒီလောက်ဖျားနေတာကို ဘာကိစ္စနဲ့ဆိုင်သွားအုံးမှာလဲ"
"သား လုံကောကိုအားနာလို့ပါ ညပိုင်းတွေ သူ့မှာလဲတခြားအလုပ်တွေရှိနေတာလေ"
"အဲဒါတော့ အဲဒါပေါ့သားရယ် ဒါဆိုလဲ ဒီလိုလုပ် တီတီယွီလဲ ဆိုင်တခါထဲလိုက်ခဲ့မယ် ဟုတ်ပြီလား"
"ဟုတ်"
"ကဲ ဒါဆို နွေးနွေးထွေးထွေးဝတ်လာခဲ့နော်"
ဒီလိုနဲ့ အထိန်းတော်ယွီလဲ ရှောင်းကျန့်နဲ့ဆိုင်ကိုတပါတည်းလိုက်လာခဲ့ရတော့တယ်...
"ဟာ ကျန့်ကျန့် ဆိုင်ကိုလာတာ နေရောကောင်းရဲ့လား"
"လုံကောကို အားနာလို့ဗျ တစ်ဖက်အလုပ်ကိုခွင့်တိုင်ပါများရင် အလုပ်ပြုတ်နေမှာစိုးလို့ပါ ကျွန်တော်ကလဲပိုမပေးနိုင်တော့"
"အင်း...ရပါတယ်ကွာ ဒါပေမဲ့ ကျန့်ကျန့်ပြောတာလဲမှန်တယ် ကောကိုလဲအလုပ်က သတိပေးနေပြီမို့ ကောကလဲကျန့်ကျန့်တို့ကိုအားနာနေတာဆိုတော့..."
"ရတယ် ရတယ်ကော နောက်ဆိုပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ် အားနာနေစရာမလိုပါဘူး"
"ကျေးဇူးပါကျန့်ကျန့်ရာ ဒါဆိုကောသွားတော့မယ်နော်"
လုံကောထွက်သွားတာနဲ့ ရှောင်းကျန့်လဲ ပစ္စည်းစာရင်းတွေထိုင်စစ်နေသလို အထိန်းတော်ယွီကလဲ နေရာတွေပျက်နေပြီဖြစ်တဲ့မုန့်တွေကို နေရာတကျပြန်စီလို့နေတယ်...
စာရင်းတွေထိုင်လုပ်နေရင်း ရှောင်းကျန့်ကတွေးမိတယ်...သူ့ဘဝက သူကိုယ်တိုင်မှမကြိုးစားရင် တိုးတက်လာမှုရှိမှာမဟုတ်သလို သူ့အကြွေးတွေကိုလဲ ဘယ်သူကမှစိုက်ဆပ်ပေးမှာမဟုတ် နောက်ပြီး ဒီဆိုင်ကရတဲ့ဝင်ငွေလေးနဲ့ရေရှည်ရပ်တည်ဖို့ဆိုတာလဲမဖြစ်လေတော့...