စာသင်နေချိန်မှလွဲ ကျန်တဲ့အချိန်အမြဲအတူတူရှိနေကြပေမဲ့ နှစ်ယောက်တည်းရှိချိန်ဆိုတာရှားပါးတယ်....ဒါကြောင့် နှစ်ယောက်တည်း date ရမဲ့ရက်ကိုလက်ချိုးရေတွက်ရင်း စောင့်နေခဲ့ရတဲ့ သောကြာနေ့ပင်ရောက်လာပြီမို့ ရိပေါ်ကတော့ ထူးထူးခြားခြားလေးပြင်ဆင်နေမိတယ်....
အင်း...ကိုယ့်ကောင်လေးအမြင်မှာ handsome ဖြစ်နေပြီး အားကိုးချင်စရာကောင်းနေရမယ် ဒါအရေးကြီးတယ်။
အဆင်ပြေလောက်တဲ့အနေအထားရတာနဲ့ ကားသော့ဆွဲပြီး အိမ်ကထွက်ဖို့လုပ်တယ်...၊
"သား ဒီနေ့စောပြန်လာအုံး အိမ်ကိုဧည့်သည်လာစရာရှိလို့"
အိမ်ထဲကနေဂိုထောင်သွားဖို့ခြေလှမ်းအပြင် မားဖြစ်သူရဲ့စကားကြောင့် လက်ထဲမှနာရီကိုငုံ့ကြည့်ပြီ...
"ဒီနေ့ မိုးနဲနဲချုပ်မယ်မား ဧည့်သည်ကအရေးကြီးလို့လား"
"အင်း အရမ်းအရေးတကြီးလဲမဟုတ်ပါဘူး ရှင်းစုန့်လေးတို့မိဘတွေ ထမင်းစားလာကြမယ်ဆိုလို့လေ"
"အာ အဲဒါဆိုလဲ မားပဲဧည့်ခံလိုက်တော့ ကျွန်တော်ကအပြင်မှာအရေးကြီးကိစ္စရှိတယ် ဒါဆို သွားပြီနော်"
မားဖြစ်သူနဲ့စကားဖြတ်ပြီးတာနဲ့ ဂိုထောင်ထဲက သူ့ရဲ့ပြိုင်ကားအစိမ်းရောင်လေးကိုရွေးချယ်ပြီး ချစ်ရသူဆီသွားဖို့ပြင်လိုက်တော့တယ်...၊ ဒီနေ့က သူတို့နှစ်ယောက်ရဲ့ သီးသန့်ပထမဆုံး date ...။
အဆောင်ရှေ့သွားခေါ်တော့ ပတ်ဝန်းကျင်ကိုကြည့်ပြီးမှ ဝင်လာသူလေး....
"မောင့်သည်းက ဒီနေ့ပိုချစ်ဖို့ကောင်းနေရော"
"ထင်လို့ပါ အရင်ကလဲဒီတိုင်းပါပဲ....အင်း မန်ထိုလေးကမှ ဒီနေ့ပိုကြည့်လို့ကောင်းနေတာ"
"ဟုတ်လား မောင့်သည်းသဘောကျတယ်ပေါ့"
"အင်း သဘောကျတာပေါ့ အများကြီးပဲ"
"ဟားဟား အရူးလေး ကဲ သွားရအောင်ဗျား"
ကားစက်ကိုနှိုးလို့ အဆောင်ဝင်းထဲမှထွက်လာပြီးတာနဲ့ ရိပေါ်ရဲ့ပြိုင်ကားလေးက ကားလမ်းမထက်ဆီသို့....