အထည်ကြီးပျက် စီးပွါးပျက် အကြွေးထူတဲ့သူ ဆိုပြီး ကျောင်းကလူတွေက ရှောင်းကျန့်ကိုဆို ကွယ်ရာမှာပြောကြတယ်...
လူချမ်းသာတွေချည်းပဲတက်တဲ့ကျောင်းမို့ သာမန်အဆင့်အတန်းလောက်နဲ့ဝင်လာတဲ့ဘယ်ကျောင်းသားမဆို အထင်မကြီးကြတဲ့အပြင် နှိမ့်ချပြောဆိုကြတာဟာ ပုံမှန်လိုပင်ဖြစ်တယ်...ပြသာနာကိုကိုယ်ကဘယ်လောက်ရှောင်ရှောင် ဘယ်သူတွေကပဲကာကွယ်ပေး ကာကွယ်ပေး ဖြစ်လာချိန်တန်ရင် ဘယ်သူမှတောင်မသိလိုက်တဲ့အခြေအနေမျိုးမှာရောက်ရှိလာတာအမှန်ပဲ....၊ဒီနေ့ ဝမ်ရိပေါ်တို့အဖွဲ့ ကျောင်းမလာကြဘူး လုပ်ငန်းရှင်များအစည်းအဝေးတစ်ခုကို မိဘတွေနဲ့အတူ ဆက်ခံရမဲ့သားသမီးတွေကလိုက်သွားကြရတယ်...
ကောင်းရှင်းစုန့်ကတော့ ဆက်ခံရမဲ့အစ်ကိုရှိနေတာမို့ သူကတော့ကျောင်းကိုလာတယ်...
ကျန်းချန်ကလဲ ထိုအစည်းအဝေးကိုတက်ရောက်ခွင့်ထဲပါမနေဘူး...
ရှောင်းကျန့်ကတော့ ထိုလုပ်ငန်းရှင်တွေနဲ့လားလားမျှသက်ဆိုင်မှုရှိမနေတော့ ပုံမှန်နေ့ရက်တွေလိုပဲ ကျောင်းသွားတယ်...."ဒီနေ့ကတော့ ရိပေါ်တို့မရှိတော့ ပျင်းစရာကြီးနော်"
ကျန်းချန်က စာရေးနေရင်း ရှောင်းကျန့်ကိုပြောတော့...
"ရိပေါ်တို့က မင်းတို့ပျော်တော်ဆက်လို့များထင်နေတာလား"
ကောင်းရှင်းစုန့်ဆိုတာ ရှောင်းကျန့်နဲ့ကျန်းချန်ကိုဆိုရင် ရိပေါ်တို့ရှေ့မှာဆက်ဆံတာတမျိုး ကွယ်ရာမှာဆက်ဆံတာတမျိုး...ဒါကိုလဲ နှစ်ယောက်လုံးကသိထားတယ်...
"ငါကအဲလိုသဘောမျိုးပြောတာမဟုတ်ပါဘူး"
"မဟုတ်လဲမပြောနဲ့ ငါမကြိုက်ဘူး နောက်ဆို စကားအပြောအဆိုဆင်ခြင်"
ကျန်းချန်ကတစ်စုံတစ်ခုပြောဖို့လုပ်ပေမဲ့ ရှောင်းကျန့်ကမသိမသာလေးတားပြီး ခေါင်းခါပြလိုက်တယ်....
နောက်အချိန်က ကျောင်းကအားကစားကွင်းကို သန့်ရှင်းရေးလုပ်ဖို့ ရှောင်းကျန့်တို့အတန်းအလှည့်ကျတာမို့ တစ်ခန်းလုံးသွားရဖို့ဖြစ်လာတယ်...ထိုအချိန်ပြီးရင် အိမ်စာထပ်ရမှာဖြစ်လို့ အိမ်စာရေးမလာမိတဲ့ကျန်းချန်က အားကစားကွင်းမသွားခင် အိမ်စာကိုအသဲအသန်အမြန်ရေးနေရတယ်...