"ငါ့သူငယ်ချင်းလုပ်နေပြီး မင်းပျော့ညံ့နေလို့မရဘူးနော် ရှောင်းကျန့်"
ကန်တင်းကိုရောက်လာကတည်းက ဝမ်ရိပေါ်က ရှောင်းကျန့်နဲ့နှစ်ယောက်တည်းစကားပြောချင်တယ်ဆိုလို့ ကုဝေတို့ဟောက်ရွှမ်းတို့အကုန်လုံး တစ်ခြားစားပွဲပြောင်းပေးပြီး အခြေအနေကိုကြည့်ရတယ်....
"မင်း ဘာလို့ဒီတိုင်းငြိမ်ခံနေရတာလဲဟမ်"
"ငါ ငါ... ရန်မဖြစ်တတ်လို့ပါ"
"ဘာ စကားကိုကျယ်ကျယ်ပြော ပြီးတော့ ခေါင်းကိုငုံ့မနေနဲ့"
"ငါက....အီး...မပြောချင်ဘူး ဟင့်"
"...."
"သွားတော့မယ် အင့် ရွှတ်"
"ဟာ ရှောင်းကျန့်! ရှောင်းကျန့်!"
ရိပေါ်ကဘာမှတောင်မပြောရသေးဘူး ရှောင်းကျန့်ကငိုပြီးထွက်သွားတယ်...
"ဟေ့ရောင် မင်းဘာလုပ်လိုက်တာလဲ"
"ရှောင်းကျန့်ကို ဘာပြောလိုက်လို့ ငိုသွားတာလဲ ဝမ်ရိပေါ်"
ကျစ် တကယ်သူဘာမှတောင်မလုပ်ရသေးတာကို....
"ငါဘာမှတောင်မပြောရသေးဘူး သူ့ဘာသူငိုပြီးထွက်သွားတာ"
"မင်း အပိုတွေမပြောနဲ့ အလကားနေရင်းတော့ ငိုပြီးပြေးမထွက်သွားဘူး"
ကုဝေက ရိပေါ်ပြောစကားကိုလက်မခံဟန်ပြောသလို တခြားလူတွေကလဲသူ့ကိုထောက်ခံကြတယ်....
"ကျစ် ငါကခုနကကိစ္စမှာ ဘာလို့ငြိမ်ခံနေရတာလဲလို့မေးလိုက်တာကွာ နဲနဲဟောက်မိသလိုဖြစ်သွားတယ်ထင်တာပဲ"
"ထင်တာပဲမလုပ်နဲ့ ဟိုက ဘယ်သူ့အဟောက်မှခံဖူးတာမှမဟုတ်တာ ပြီးတော့ သူ့မိဘတွေဆုံးထားတယ်လေကွာ ဝမ်းနည်းနေမှာပေါ့ မင်းကလဲ"
ဟောက်ရွှမ်းရဲ့ပြောစကားကြောင့် ရိပေါ်လဲ ရှောင်းကျန့်ကိစ္စတွေသတိရမိပြီး စေတနာနဲ့မှားမှန်းသိသွားရသည်...၊
"ချီးပဲ"
"ဟာ ဟိတ်ရောင် ဒါကဘယ်လဲ"
ရုတ်တရတ်ဝုန်းကနဲထပြီးထွက်သွားတဲ့ ဝမ်ရိပေါ်ကြောင့် နောက်ကဆဲသံတွေတညံညံထွက်လို့လာကြတယ်...
မတတ်နိုင်ဘူးကွာ။