The Performance

342 46 10
                                    

Part 9
The Performance
ဖျော်ဖြေတင်ဆက်မှု

*တီ တီ တီ*

ဂျောင်ဆူးရဲ့နှိုးစက်မြည်သံကြောင့် ချန်ယောလ်နိုးလာပြီး နှိုးစက်ကိုပိတ်လိုက်သည်။ ချန်ယောလ်လက်မောင်းတွေကြားမှာ အိပ်ပျော်နေတဲ့ကောင်လေးကိုငုံ့ကြည့်လိုက်သည်။ ဂျောင်ဆူးက အရမ်းချစ်စရာကောင်းသည်။ချန်ယောလ်က ဂျောင်ဆူးရဲ့နှဖူးကို ငုံ့နမ်းလိုက်တော့ ဂျောင်ဆူးက မျက်လုံးဖွင့်ကြည့်သည်။

"Good morning နေရောင်ခြည်လေး"

ချန်ယောလ်က နှုတ်ဆက်တော့ ဂျောင်ဆူးက နှုတ်ခမ်းတွေကွေးသွားအောင် ပြုံးလိုက်ပြီး မပွင့်တပွင့်မျက်လုံးလေးနဲ့ ချန်ယောလ်ကို ကြည့်နေသည်။

"Good morning ချန်း"

ဂျောင်ဆူးက ချန်ယောလ်ကို ပြန်ပြောပြီးတာနဲ့ အိပ်နေရာကနေ ထထိုင်သည်။

"အချစ် မြန်မြန်ထရမယ်လေ ကိုယ့်အိမ်မှာအဝတ်အစားတွေဝင်ယူရဦးမယ်"

"ချန်းက ကျောင်းဝတ်စုံမဝတ်ဘူးလား"

"ကိုယ်တို့ဖျော်ဖြေရေးနဲ့တင်ဆက်မှုရှိသေးတယ်လေ မှတ်မိရဲ့လား"

"သေစမ်း တင်ဆက်မှုရှိတာပဲ"

ဂျောင်ဆူးက ချက်ချင်းအိပ်ယာပေါ်က ထ လိုက်ပြီး နှုတ်ခမ်းပေါ် လက်တင်ကာပိတ်လိုက်သည်။

"ဟို ကျွန်တော် တမင် ဆဲတာမဟုတ်ဘူး အမေနဲ့မတိုင်နဲ့နော်"

ဂျောင်ဆူးက မျက်နှာလေးငယ်ပြီး ကြမ်းပြင်ကို ငုံ့ကြည့်နေသည်။ ချန်ယောလ် အိပ်ယာပေါ်ကနေ ထ လိုက်တော့ ဂျောင်ဆူးက ချန်ယောလ်ခန္ဓာကိုယ်ကို မနေ့ညက ကြည့်သလိုပဲ ကြည့်နေသည်။ နောက်တော့မှ ရှက်သွားပြီး တံတွေးမြိုချလိုက်သည်။

"ဟို ဆောရီး ချန်း ရေချိုးတော့မလား"

"ဟင့်အင်း မင်းအရင်ချိုးလိုက်"

ဂျောင်ဆူးက မြန်မြန်ပဲ ရေချိုးခန်းထဲဝင်သွားတော့သည်။ ချန်ယောလ်က အခုမှ ဆိုင်ကယ်မပါလာတာကို သတိရသည်။ ချန်ယောလ်အိမ်က ဂျောင်ဆူးအိမ်နဲ့ သိပ်မဝေးတော့လမ်းလျောက်သွားလို့ရပေမဲ့ ကျောင်းသွားဖို့တော့ အခက်အခဲရှိသည်။ ရီရှင်းကို လာကြိုပေးဖို့ပြောရန် ဖုန်းယူပြီးဆက်လိုက်တော့ ချက်ချင်းပဲကိုင်သည်။

Good Boys and Bad Boys [Translate Fic]Where stories live. Discover now