Missing

254 37 0
                                    

Part 15
Missing
ပျောက်ဆုံးခြင်း

"ငါ့ကောင်လေးဘယ်မှာလဲ"

ဆယ်ဟွန်းက အော်သံတစ်ဝက်နဲ့ပြောသည်။

"Shit လုဟန်ဘယ်မှာလဲ"

ဆူဟိုက ဘတ်ခ်ဟျွန်းပေါင်ပေါ်ကနေ ဆင်းလိုက်ရင်းပြောသည်။

"မင်းတို့တွေ ငါ့ကောင်လေးဘယ်ရောက်သွားမှန်းမသိကြဘူးလား"

ဆယ်ဟွန်းက အော်ပြောပြီး အကုန်လုံးကို ဒေါသတကြီးကြည့်နေသည်။ သူ့အကြည့်တွေက အားလုံးကိုပြာကျသွားလောက်စေသည်အထိ ပြင်းထန်နေပြီး နားရွက်ကလည်း အငွေ့တွေထွက်လောက်အောင်အထိ နီရဲနေသည်။

"စိတ်အေးအေးထားပါ ဆယ်ဟွန်း ငါတို့ သူ့ကိုရှာကြမယ်လေ"

"ငါကဘယ်လိုလုပ်စိတ်အေးရမှာလား အပြင်မှာလူဘယ်လောက်များလဲ မင်းမြင်လား
သူဘာမဆိုဖြစ်သွားနိုင်တယ်"

ဆယ်ဟွန်းက စိတ်လျော့ရန်ပြောနေသည့် ဘတ်ခ်ဟျွန်းကို ပြန်အော်သည်။

"ဆယ်ဟွန်း...ဘတ်ခ်ပြောတာမှန်တယ်
စိတ်လွတ်နေတာက ဘာမှအသုံးမဝင်ဘူးနော်
ငါတို့ သူ့ကိုရှာဖို့ပဲ အာရုံစိုက်ထားရအောင်"

ခရစ်စ်က ဆယ်ဟွန်းပခုံးကိုဖက်ထားရင်း စိတ်လျော့သွားစေရန် ပြောနေသည်။

ဆယ်ဟွန်းက ဂျောင်ဆူးဘေးမှာထိုင်ချလိုက်ပြီး လက်ထဲကို မျက်နှာအပ်ကာနေတော့ ဂျောင်ဆူးက ဖက်ထားပေးလိုက်သည်။

"ကျွန်တော်တို့ အတူတူရှာရအောင်နော်"

🌚🌝

လုဟန်မျက်လုံးတွေဖွင့်လိုက်တော့ သူ့ကို စတိုခန်းထဲက ဘီရိုနဲ့တွဲချည်ထားတာကို တွေ့လိုက်ရသည်။

"မင်း နိုးလာပြီလား"

🌚🌝

"မင်း လုဟန်ကို ဘယ်အချိန်က နောက်ဆုံးတွေ့ခဲ့တာလဲ"

"တကယ်တော့ ငါသူ့ကိုတွေ့တဲ့အချိန်က မင်းတွေ့တဲ့အချိန်နဲ့ တူတူလောက်ပဲ
သူလူတွေကြားကဖြတ်ပြီး ငါတို့နဲ့လိုက်လာသလားဆိုတာ သတိမထားမိဘူး"

ဆယ်ဟွန်းရဲ့အမေးကို ဘတ်ခ်ဟျွန်းက တိုးတိုလေးပြန်ဖြေသည်။

Good Boys and Bad Boys [Translate Fic]Where stories live. Discover now