Part 13
Performance No.2
တင်ဆက်မှု ၂"ဂျောင်ဆူးရေ သားလေး အမေတို့ပြန်လာပြီ"
အိမ်အောက်ထပ်က အမေ့အော်ခေါ်သံကြောင့် ဂျောင်ဆူးနိုးလာသည်။ ဂျောင်ဆူးမိဘတွေ ခရီးကပြန်ရောက်လာပြီဖြစ်သည်။ ဂျောင်ဆူးကို ပွေ့ဖက်ထားသည့် ချန်ယောလ်ကို ငုံ့ကြည့်လိုက်သည်။ သူတို့နှစ်ယောက်လုံး Boxer သာဝတ်ထားပြီး အိပ်နေကြတာဖြစ်သည်။ အိပ်ယာပေါ်ကနေ ဆင်းလိုက်ပြီး အားကစားဘောင်းဘီနဲ့ တီရှပ်တစ်ထည် ကောက်စွပ်ကာ ချန်ယောလ်ကို နှိုးလိုက်သည်။
"ဘေဘီ ဘာလုပ်နေတာလဲ"
"မေမေတို့ပြန်ရောက်နေပြီ ကျွန်တော်တို့ Boxer နဲ့ပဲ အိပ်နေတာမြင်ရင် တစ်မျိုးထင်ဦးမယ်"
အိပ်ချင်မူးတူးပြန်မေးတဲ့ချန်ယောလ်ကလည်း ဂျောင်ဆူးအဖြေကိုကြားတော့ ရယ်လိုက်ရင်း အိပ်ယာက ထလာကာ အဝတ်တွေ ပြန်ဝတ်လိုက်သည်။
"ချန်ယောလ် အမေတို့မရှိတုန်း ဂျောင်ဆူးနဲ့လာနေပေးတာလား
ကျေးဇူးတင်ပါတယ်နော်"အမေက ချန်ယောလ်ကို စကားပြောရင်း အခန်းထဲဝင်လာသည်။
"ကျေးဇူးတင်စရာမလိုပါဘူး အမေ ကျွန်တော်က လာခွင့်ရလို့ ဝမ်းသာနေတာ"
"သားကအရမ်းကို ချစ်စရာကောင်းနေတော့တာပဲ
သားမှာ ကောင်လေး ဒါမှမဟုတ် ကောင်မလေးရှိနေမှာ သေချာတယ်""ဟုတ်ကဲ့ ကျွန်တော့်မှာ ကောင်လေးရှိပါတယ်"
ချန်ယောလ်က အမေ့ကို ပြုံးပြရင်း ပြန်ဖြေသည်။
"အို ဟုတ်လား သူကချစ်စရာကောင်းလား
နှမြောစရာတော့ကောင်းသားကွယ် အန်တီက တစ်နေ့နေ့ ချန်ယောလ်ကို သမက်တော်ဖို့မျှော်လင့်ထားတာ"ချန်ယောလ်က ဂျောင်ဆူးကို "ပြောလိုက်လို့ရလား" ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်နေသောကြောင့် ဂျောင်ဆူးက ခေါင်းငြိမ့်ပြလိုက်သည်။ ဒီအချိန်ထက်ပိုပြီး သင့်တော်တဲ့အချိန်ရှိပါဦးမလား။
"ဟုတ် သူက ချစ်စရာကောင်းပါတယ်
ပြီးတော့ တစ်နေ့နေ့ ကျွန်တော်က အန်တီ့သမက်ဖြစ်လာမှာပါ
ကျွန်တော့်ကောင်လေးက ဂျောင်ဆူးပဲလေ"
YOU ARE READING
Good Boys and Bad Boys [Translate Fic]