It's a Cruel World

216 27 4
                                    

Part 21
It's a Cruel World
ရက်စက်သောလောကကြီး

"အစ်ကို ခရစ်စ် ကျွန်တော် ပင်ပန်းနေပြီ"

လုဟန်က ငြီးငြီးငြူငြူပြောရင်း ခရစ်စ်ရဲ့ လက်မောင်းကို ဖွဖွလေး ထုနေသည်။

"စတိဗ်က ကိုယ်တို့ နောက်ထပ် ၅ ခါ ထပ်လေ့ကျင့်ရဦးမယ်ပြောတယ်
သူက ကိုယ်တို့ရဲ့ choreographer လေ
သူက ကိုယ်တို့အတွက် ဘယ်လိုလုပ်တာက အကောင်းဆုံးဆိုတာ သိတယ်
သူပြောတဲ့အတိုင်းပဲလုပ်ရအောင် သိပ်မကြာခင်ပြီးတော့မှာပါ"

ခရစ်စ်ကလည်း ချွေးတွေ တစက်စက်ကျနေရင်းမှ အေးအေးဆေးဆေးရှင်းပြနေသည်။

လုဟန်က သက်ပြင်းချလိုက်ပြီး ဂျောင်ဆူးလည်း စိတ်ထဲကနေ ငြီးငြူလိုက်သည်။ သူကိုယ်တိုင်လည်းအရမ်းပင်ပန်းနေပြီဖြစ်ပြီးနောက်ထပ် တစ်နာရီအကြာမှာ သင်္ချာစာမေးပွဲဖြေရဦးမည်။ အကုန်လုံးက မကျေမနပ်ရေရွတ်သံများ ဆူညံနေကြပြီး ဆူဟို လူပြန်စုဖို့ အချက်ပြတော့မှ လေ့ကျင့်မှုကို အာရုံရောက်ကြသည်။

အကုန်လုံးက အင်ချွန်းအထက်တန်းကျောင်းဖျော်ဖြေရေးအတွက် လေ့ကျင့်နေကြတာဖြစ်ပြီး အရေးကြီးသောလေ့ကျင့်မှုဖြစ်သည်။ ဒီဖျော်ဖြေပွဲကိုသာကောင်းကောင်းကျော်ဖြတ်နိုင်ရင် တောင်ကိုရီးယားမှာရှိတဲ့ တခြားကျောင်းတွေကို ကျော်နိုင်ပြီဖြစ်သည်။

ဂျောင်ဆူး ဘတ်ခ်ဟျွန်းနောက်မှာ ရပ်နေရာကနေ စပြီးရွေ့လျားလိုက်သည်။ နောက်ထပ်တစ်ခေါက်ရွှေ့ဖို့ပြင်လိုက်ချိန်တွင် ဘတ်ခ်ဟျွန်းရဲ့ ဖြူဖျော့နေတဲ့မျက်နှာကို သတိထားမိလိုက်ပြီး သူ့ခြေထောက်များက အားမရှိဘဲ ခွေလဲသွားတော့သည်။ ကံကောင်းစွာပဲ ဂျောင်ဆူးက ဘတ်ခ်ဟျွန်းကို ထိန်းနိုင်လိုက်ပြီး ကြမ်းပေါ်ကို ဖြေးဖြေးချင်းလှဲချပေးလိုက်သည်။

"ဘတ်ခ်"

ဘတ်ခ်ဟျွန်းခေါင်းကိုထိန်းကိုင်ပြီး သွေးလျောက်အောင် လုပ်ပေးလိုက်သည်။

"ဘတ်ခ်"

မေ့မြောလုဆဲဆဲဖြစ်နေသော ဘတ်ခ်ဟျွန်းနားသို့ ဆူဟိုပြေးလာသည်။

Good Boys and Bad Boys [Translate Fic]Where stories live. Discover now