Part 14
We did it
ငါတို့လုပ်နိုင်ခဲ့ပြီကောင်လေး ၁၂ ယောက်လုံး စင်နောက်ဘက်ကိုလျှောက်သွားပြီး တစ်ယောက်နဲ့တစ်ယောက်ပွေ့ဖက်လိုက်ကြသည်။ သူတို့လျှောက်လှမ်းမဲ့ ဘဝခရီးအတွက် ပထမဆုံးအဆင့်အောင်မြင်သွားပြီဖြစ်သည်။ အရေးအကြီးဆုံးအချက်ကတော့ ချန်ယောလ်အဖြစ်ချင်ဆုံးအိပ်မက်ကို သူချစ်တဲ့ အပေါင်းအသင်းတွေရယ် ချစ်သူကောင်လေးရယ်နဲ့ အတူတူပုံဖော်ခွင့်ရတာပဲဖြစ်သည်။
ချန်ယောလ်ရဲ့ချစ်သူကောင်လေးက ကျန်ရှိတဲ့ဘဝတစ်လျောက်လုံးအတွက် အိပ်ယာဝင်ချိန်မှာသာ အတူရှိဖို့လိုအပ်တဲ့သူမဟုတ်ဘဲ အိပ်ယာထချိန်မှာလည်း အတူတူနိုးထဖို့ လိုအပ်တဲ့သူဖြစ်သည်။ အချစ်စစ်ဆိုတာ တကယ်ရှိပုံရပါသည်။
"ကျွန်တော်တို့ လုပ်နိုင်ခဲ့ပြီ"
ဂျောင်ဆူးက မျက်လုံးဝိုင်းလေးများနဲ့ ချန်ယောလ်ကိုကြည့်ရင်းပြောသည်။
"ကိုယ်တို့ လုပ်နိုင်ခဲ့ပြီ ဘေဘီ"
ချန်ယောလ်က ဂျောင်ဆူးရဲ့နှုတ်ခမ်းလေးကို ထိရုံလေးနမ်းလိုက်ရင်းပြောသည်။
အကုန်လုံးက မောဟိုက်နေသောကြောင့် အသက်ကိုဝအောင်ရှုနေပြီး ချွေးများလည်း စိုရွှဲလို့နေသည်။ ဂျောင်ဆူး ရေသောက်နေတဲ့ပုံက ဆွဲဆောင်မှုရှိသောကြောင့် ချန်ယောလ်ငေးကြည့်နေတုန်း ဂျောင်ဆူးက သူ့ဘက်ကိုလှည့်လာသည်။
"ရေသောက်မလို့လား ချန်း"
ချန်ယောလ်ကို ရေပုလင်းလှမ်းပေးတော့ ချန်ယောလ်ယူသောက်လိုက်သည်။
"ကျေးဇူးပဲ ဂျောင်လေး"
"ကောင်လေးတို့ မင်းတို့ ကျောင်းကနေ ပရိသတ် တော်တော်များများရလိုက်ပြီပဲ
အပြင်မှာလူတွေပိုမများလာခင် ဒီကနေ အမြန်ထွက်ရအောင်"တီချယ်ဝမ်က အပြင်မှာအော်ဟစ်နေတဲ့ ကျောင်းသားတွေရဲ့ အသံကိုကျော်အောင် အော်ပြောသည်။
"ဆယ်ဟွန်း မင်းကိုစကားပြောချင်လို့ လူတစ်ယောက်ရောက်နေတယ် ခဏလာတွေ့ဦး"
တီချယ်ဝမ်က ဆယ်ဟွန်းကိုခေါ်လိုက်တော့ ဆယ်ဟွန်းက လုဟန်ကို တစ်ချက်နမ်းလိုက်ကာ တီချယ့်နောက်ကနေလိုက်သွားသည်။ ကျောင်းတာဝန်ခံက အကုန်လုံးကို လူအုပ်ကြီးတွေကြားက ဖြတ်ကာ နားနေရန် အခန်းထဲကိုခေါ်သွားသည်။
KAMU SEDANG MEMBACA
Good Boys and Bad Boys [Translate Fic]