Who?

250 37 6
                                    

Part 16
Who?
ဘယ်သူလဲ

ဂျောင်ဆူးက ဂျုံဒယ်၊ ဆူဟို၊ ရှုမင်၊ ထာအို တို့နှင့်အတူ အခန်းနံပါတ် C 5 မှာထိုင်နေသည်။ ဘေးအခန်းကတော့ C 6 ဖြစ်ပြီး ဆယ်ဟွန်း ဟိုလူနဲ့တွေ့ဖို့ ချိန်းထားတဲ့နေရာဖြစ်သည်။ အဲ့ဒီလူက ဘယ်သူမှန်း ဆယ်ဟွန်းမပြောပြသောကြောင့် ဂျောင်ဆူးတို့ မသိရသေးပေ။ ဆယ်ဟွန်းကတော့ ချန်ယောလ်၊ ဘတ်ခ်ဟျွန်း၊ ခရစ်စ်၊ ဂျုံအင်၊ ရီရှင်းတို့နှင့်အတူ အဲ့ဒီလူကိုသွားတွေ့မှာဖြစ်သည်။ သူတို့က အစ်ကိုကြီးတွေမို့လို့ အငယ်တွေကိုမထိခိုက်စေချင်ကြောင်း၊ သူတို့က ကာကွယ်ပေးမဲ့ကြောင်းပြောကာ ဒီဘက်ခန်းမှာထားခဲ့တာဖြစ်သည်။

အကြီး ၆ ယောက်စလုံး အခန်းပြင်ထွက်သွားချိန်မှာတော့ အငယ်လေးတွေသာကျန်ခဲ့သည်။ ဂျောင်ဆူးက အားလုံးမထိခိုက်စေဖို့ ဆုတောင်းနေရင်း သွားတွေ့မည့်လူက ဘယ်သူမှန်းလည်း သိချင်နေသည်။

🌚🌝

ဆယ်ဟွန်း C 6 အခန်းတံခါးကို ဖြည်းဖြည်းချင်းဖွင့်လိုက်တော့ အခန်းအလယ်တွင် ခုံမှာကြိုးနှင့်အချည်ခံထားရသော လုဟန်ကိုတွေ့ရသည်။ လုဟန်ခန္ဓာကိုယ်တွင် ပွန်းပဲ့ ပြတ်ရှရာအချို့ရှိနေပြီး အရမ်းမပြင်းထန်သော်လည်း အရိုက်ခံထားရမှန်းတော့ သိသာနေသည်။

"လုဟန်"

ဆယ်ဟွန်းအော်ရင်း လုဟန်ဆီပြေးသွားကာ သူ့ပါးပေါ်တွင်လည်း မျက်ရည်များစိုရွှဲလာသည်။

"ဆယ်ဟွန်းနီး ကျွန်တော်တောင်းပန်ပါတယ်
ကျွန်တော်က မသန်မာလို့ ကိုယ့်ကိုယ်ကိုတောင် မကာကွယ်နိုင်ဘူး"

လုဟန်ကငိုရင်းပြောနေသည်။ ချန်ယောလ် လုဟန်ရဲ့လက်ကကြိုးတွေကိုဖြည်ပေးလိုက်တော့ လက်မှာ ကြိုးပွန်းရာအချို့ရှိနေသည်။

"အချစ်လေး ဘာမှမဖြစ်ဘူး
ကိုယ်မင်းကိုမထားခဲ့သင့်တာ အခုဘာမှမဖြစ်တော့ဘူးနော်"

ဆယ်ဟွန်းက လုဟန်ကို ထ လို့ရအောင် ကူညီပေးရင်း ကိုယ်ကိုဆွဲလှုပ်ကာပြောနေသည်။ လုဟန်ဘေးကစားပွဲပေါ်တွင်စာရွက်ခေါက်တစ်ခုရှိနေတာကို ချန်ယောလ်သတိထားမိပြီး ဆွဲယူကာ လက်ရေးစုတ်စုတ်နှင့်ရေးထားသောစာကိုဖွင့်ဖတ်လိုက်သည်။

Good Boys and Bad Boys [Translate Fic]Where stories live. Discover now