Part 3
The Collision
ဝင်တိုက်မိခြင်းနေ့လည်ထမင်းစားချိန်တွင် ဂျောင်ဆူးက လူရွေးပွဲပိုစတာနားသွားကာ လူရွေးပွဲဝင်မည့်သူစာရင်းကို သွားကြည့်သည်။ တစ်ကျောင်းလုံးနီး၏ပါး လူရွေးပွဲပါကြတာပဲ။ အကုန်လုံး အတူတူ ဖျော်ဖြေခွင့်ရရင်ကောင်းမယ်။
နောက်ထပ် ဘယ်သူတွေပါသေးလဲ... ပတ်ချန်ယောလ်။ ချန်ယောလ်နဲ့ သူ့သူငယ်ချင်းတွေက ဒီလိုကိစ္စတွေကို စိတ်ဝင်စားမှန်း ကျွန်တော်မသိခဲ့ပေ။သူတို့နဲ့သာ တစ်ဖွဲ့တည်းနေရရင် ဘာတွေများဖြစ်လာနိုင်လဲ။ သူတို့က ကျွန်တော်တို့ကို ကောင်းကောင်းဆက်ဆံပါ့မလား။ သံသယဖြစ်စရာပင်။ စိတ်ပူလွန်းလို့ လူရွေးပွဲဝင်ချင်စိတ်ရှိရဲ့လားတောင် မသေချာ...။*SMACK*
ကျွန်တော်လူတစ်ယောက်နဲ့ဝင်တိုက်မိပြီး ကြမ်းပေါ်လဲကျသွားသည်။
ဝင်တိုက်မိတဲ့သူက...ပတ်ချန်ယောလ်။"မင်းသွားမဲ့လမ်းကို ကြည့်ပြီးသွား... ဂျောင်ဆူး"
ချန်ယောလ်က အံ့ဩသွားတဲ့ပုံစံနဲ့ ကျွန်တော့်နာမည်ကို ရေရွတ်လိုက်သည်။ နေပါဦး။ သူကျွန်တော့်နာမည်ကို သိနေတာလား။
ချန်ယောလ်လက်ထဲက စာအုပ်တွေ ကြမ်းပေါ်မှာ ပြန့်ကျဲနေတာမြင်ရသည်။ သူကျွန်တော့်ကို လည်ပင်းညှစ်တာဖြစ်ဖြစ် တစ်ခုခုလုပ်တော့မည်ထင်သည်။
"တောင်းပန်ပါတယ် တောင်းပန်ပါတယ် တောင်းပန်ပါတယ်နော်"
ကျွန်တော် ဆက်တိုက်တောင်းပန်နေရင်း သူပြုတ်ကျသွားတဲ့ စာအုပ်များကို ပြန်ကောက်ပေးလိုက်သည်။
"မင်း တောင်းပန်စရာမလိုပါဘူး
ကိုယ်က ရှေ့ကိုကြည့်ပြီးမသွားမိလို့ တိုက်မိသွားတာ
ခဏ...မင်း ဒူးပြဲသွားတာပဲ"ချန်ယောလ်က ဒူးခေါင်းက ဒဏ်ရာကို စိတ်ပူတဲ့လေသံနဲ့ပြောသည်။
"ကျွန်တော် ဘာမှမဖြစ်ပါဘူး ဆောရီးနော်
နေ့လည်စာသွားစားတော့မယ် အစ်ကို့အချိန်ကို ထပ်မဖြုန်းတော့ပါဘူး"ကျွန်တော် အရမ်းစိတ်ရှုပ်သွားသည်။ ဒီလိုဖြစ်တာ ဘယ်လောက်ရှက်စရာကောင်းလိုက်သလဲ။ ဒီနေရာက မြန်မြန်ထွက်သွားမှပါ။
VOUS LISEZ
Good Boys and Bad Boys [Translate Fic]