Part 18 - 1
Hunhan Edition"လုလု ကိုယ်တို့ ခေါင်မိုးထပ်ကိုသွားရအောင်
မင်းကိုခဏဖက်ထားပြီး နမ်းချင်လို့""အင်း သွားလေ"
ဆယ်ဟွန်းပူဆာသလိုပြောသောကြောင့် လုဟန်က ကလေးတစ်ယောက်လို ရယ်ရင်းပြန်ဖြေလိုက်သည်။ ဆယ်ဟွန်းက လုဟန်လက်ကိုဆွဲရင်း ခေါင်မိုးထပ်ကို ဦးဆောင်တက်သွားသည်။ အပေါ်ရောက်တော့ ဆယ်ဟွန်းက ထိုင်လိုက်ပြီး လုဟန်ကိုပေါင်ပေါ်တင်ထားလိုက်သည်။ သူ့လက်တွေကလုဟန်ဆံပင်တွေကြားပွတ်သပ်နေပြီး လည်ပင်းဘေးနားကနေ အောက်ကိုလျောဆင်းသွားသည်။ လုဟန်ရဲ့ ခေါင်းလေးကို ညင်သာစွာနမ်းလိုက်ပြီး..
"ကိုယ်မင်းကို တကယ်ကိုချစ်တယ် လုဟန်"
လုဟန်က သူ့ဘာသာပြုံးလိုက်မိရင်း ဆယ်ဟွန်းဘက်ကို မျက်နှာလှည့်လိုက်သည်။
"ကျွန်တော်လည်း ဆယ်ဟွန်းကို တကယ်ချစ်တယ်"
ဆယ်ဟွန်းနှုတ်ခမ်းတွေက လုဟန်နှုတ်ခမ်းကို ထိကပ်နမ်းရှိုက်နေရင်း လက်ဝါးပေါ်ကို လက်ချောင်းလေးတွေနဲ့ ထိတွေ့ပွတ်သပ်နေသည်။ နမ်းရှိုက်ပြီးနောက် တစ်ယောက်နဲ့တစ်ယောက်နဖူးချင်းထိကာ နားနေလိုက်ပြီး ဆယ်ဟွန်းလက်က လုဟန်လက်မောင်းကို အပေါ်အောက် ပွတ်သပ်နေသည်။ တစ်ခုခုကို သတိထားမိပုံရသွားတဲ့ ဆယ်ဟွန်းက မျက်လုံးပြူးသွားပြီး ပွတ်နေတဲ့လက်ကိုရပ်လိုက်ကာ လုဟန်ကို သေချာကြည့်သည်။
"လုဟန် ဒါ.. ကိုယ်တွေးနေတာ မဟုတ်ဘူးမလား"
ဆယ်ဟွန်းက မပီမသမေးရင်း မျက်ရည်တွေကျလာသည်။ ဆယ်ဟွန်းဘာမေးတာလဲ လုဟန်က သေချာသဘောမပေါက်သောကြောင့် စိတ်ရှုပ်စွာကြည့်လိုက်ရင်းမှ သတိရသွားသည်။ လက်မောင်းက ပြတ်ရှရာတွေကို သူသတိထားမိပြီးမေးနေတာပဲ။
"ဟို အဲ့ဒါက.."
"ရှုူး ရှင်းပြစရာမလိုပါဘူး"
ဆယ်ဟွန်းကလုဟန်ကို ပိုပြီးတင်းကြပ်အောင်ဖက်ထားရင်း နှစ်ဦးစလုံး မျက်ရည်ကျနေမိသည်။
"တောင်းပန်ပါတယ် ဆယ်ဟွန်းနီး"
"တောင်းပန်စရာမှမလိုတာအချစ်ရယ်"
YOU ARE READING
Good Boys and Bad Boys [Translate Fic]