The Past

187 27 0
                                    

Part 28
The Past
အတိတ်

"မင်းကို စိတ်ပူစေခဲ့လို့ တောင်းပန်ပါတယ် ဆူး..."

ရီရှင်းနဲ့အတူ ပြုံးရွှင်ကာဝင်လာတဲ့ ချန်ယောလ်က ဂျောင်ဆူးလက်တစ်ဖက်ကို ဆုပ်ကိုင်ကာ နောက်တစ်ဖက်က ပါးကို ပွတ်သပ်ရင်းပြောသည်။ ချန်ယောလ် ဘာလို့ ဒီလောက် ပြုံးရွှင်သွားရသလဲဆိုတာ ရီရှင်းကို နောက်မှ မေးကြည့်ရပါဦးမည်။

"ရပါတယ် ချန်း... ချန်းဘာမှ မလုပ်ခဲ့တာကိုပဲ ဝမ်းသာနေတာ
အပြင်မှာရဲတွေရှိတယ် သူတို့ ဝီလ်ကို ဖမ်းလိမ့်မယ်
သူတို့မှာ DNA ရော လိုတာအကုန်ရှိနေပြီးသား"

ချန်ယောလ်က ပြုံးလိုက်ပြီးတော့မှ မကျေနပ်သံနဲ့ အံကျိတ်ပြီးပြောသည်။

"ဒါမေပမဲ့ ကိုယ် သူ့ကို သတ်ပစ်ချင်နေတုန်းပဲ"

"ချန်း  အဲ့လိုမပြောနဲ့လေ အပြင်မှာ ရဲတွေရှိတယ်"

ဂျောင်ဆူးက ချန်ယောလ်လက်မောင်းကို ဖွဖွလေး ရိုက်လိုက်သည်။ ချန်းက တစ်ခါတလေ ရူးမိုက်လွန်းသည်.. သို့သော် သူက မဟုတ်မခံစိတ်ရှိရုံသာဖြစ်သည်။

"ကိုယ်က မင်းကိုစိတ်ပူပြီး ဝီလ်ကို စိတ်တိုသွားလို့ပါ"

ဂျောင်ဆူးက ချန်ယောလ် အနေအထားကို နားလည်သည့်အနေနှင့် ခေါင်းငြိမ့်ပြလိုက်သည်။ ဒါနဲ့ သူတို့က ဝီလ်နဲ့ ဘယ်လိုသိကြတာလဲ။

"ချန်း."

"အင်း ဆူး"

"ချန်း...ဝီလ်နဲ့ဘယ်လိုသိတာလဲ ဘာလို့ ဝီလ်ကို သဘောမကျလဲဆိုတာ ကျွန်တော် မမေးရသေးဘူး"

ချန်ယောလ် မျက်နှာပျက်သွားပြီး သက်ပြင်းချကာ ကြမ်းပြင်ကို ငုံ့ကြည့်နေသည်။ ဂျောင်ဆူးရော အငယ်တန်းက သူငယ်ချင်းတွေ အားလုံးပါ သိချင်စိတ်နဲ့ စောင့်ဆိုင်းနေကြသည်။

"တစ်ခါတုန်းကသူကလည်း ကိုယ်တို့ရဲ့ သူငယ်ချင်းပါပဲ...ပြီးတော့..."

ချန်ယောလ်က လေးပင်စွာရှင်းပြသည်။ ချန်ယောလ်ရဲ့ စကားမဆုံးခင်မှာပဲ ဂျုံအင်က ဒေါသတကြီးဖြစ်လာပြီး မျက်ရည်မကျအောင် ထိန်းနေသည်။ ဂျုံဒယ်က ဂျုံအင်ကို ကြည့်လိုက်သည်။

Good Boys and Bad Boys [Translate Fic]Donde viven las historias. Descúbrelo ahora