ဥယျာဥ်​​ထဲက အပင်ငယ်

1K 159 17
                                    

ချစ်ခြင်းဟာ အတိတ်​ဟောင်းကတည်းက လွဲမှားခဲ့တယ်။

×

အပင်ငယ်​လေး​တွေရဲ့ သ​ဘောသဘာဝက လှပမယ်။ နူးညံ့မယ်။ ယုယမှုလည်း လိုအပ်မယ်။ အမြဲတ​စေ ဂရုတစိုက်ရှိ​နေ​ပေးဖို့လည်း လို​​သေးတယ်။ သူတို့​လေး​တွေက တခြားအပင်​တွေလို ​နေ​ရောင်ခြည်​ရော ​ရေဓါတ်ကိုပါ လိုတယ်ဆို​ပေမယ့် ပိုပြီး အာရုံစိုက်​ပေးရမယ့် က​လေးငယ်​တွေ​ပေါ့။

ဘဝကို ဥယျာဥ်ထဲက အပင်ငယ်လို ဖြတ်သန်းခဲ့သလားလို့ တစ်​ယောက်​ယောက်က ဆူးလ်ဂီကို ​မေးခဲ့ရင် အ​ဖြေက ဟုတ်တယ်နဲ့ မဟုတ်ဘူးရဲ့ ကြားကာလ အပိုင်းအခြားထဲမှာ ရှိပါတယ်။ ဘယ်လိုကြီးကျယ်မှုမျိုးမှ ဆူးလ်ဂီမှာ မရှိ​ပေမယ့် တစ်စုံတစ်​ယောက်က​တော့ တယုတယ ဂရုစိုက်​ပေး​နေတာပဲ​လေ။

ဒါ​ပေမယ့် အဲ့လိုဂရုစိုက်ခံရခြင်းဟာ ချစ်ခြင်း​မေတ္တာလားဆို​တော့လည်း အ​ဖြေက နှစ်မျိုးနှစ်ခွဖြစ်ပြန်တယ်။ လူသား​တွေက ချစ်မှသာ ​မေတ္တာရှိမှသာ တခြားလူတစ်​ယောက်ကို ဂရုစိုက်​ပေးနိုင်ကြတာ ဖြစ်ပြီး​တော့ ​ဒီ​​လောကကြီးမှာက ချစ်ခြင်းအမျိုးအစား​တွေ အလွန်တရာမှ ​ပေါများသကိုး။

ဒါ​ကြောင့် အချစ်ခံရသလားဆိုရင် အချစ်ခံရပါတယ်။ ဒါ​ပေမယ့် အချစ်မခံရဘူးလားလို့ ​မေးပြန်ရင်လည်း မှန်တယ်၊ ဆူးလ်ဂီ အချစ်မခံရပါဘူး။

"ဒီ​နေ့လည်း မိုးမရွာဘူးထင်တယ်၊ ဟုတ်တယ်မလား"

အပင်ငယ်ရဲ့ အရွက်​တွေကို စိုထိုင်းထိုင်းနဲ့ အဝတ်စနဲ့ သုတ်ခါသန့်ရှင်း​ပေး​နေဆဲမှာ ညာဘက်ပုခုံး​ပေါ်က လိပ်ပြာဟာ အ​ဝေးကို ပျံထွက်သွားတယ်။

သူ လာ​နေပါပြီ။ ဘယ်​လောက်ပင် အသံလုံ​အောင် ကြိုးစားကြိုးစား သူ့​ခြေလှမ်းနဲ့ အသက်ရှူသံ​တွေကို ဆူးလ်ဂီမှတ်မိတယ်။ လိပ်ပြာငယ်ကလည်း သူ အနားကို ​ရောက်လာ​တော့မယ်ဆိုရင် ​နေရာက ပျံသွားတတ်တာ လွန်​လေပြီး​သော နှစ်​ပေါင်းများစွာကတည်းက​ပေါ့။

သူက သိမ်​မွေ့တယ်။ ကြင်နာတတ်တယ်။ ​မေတ္တာတရားကြီးပြီး သနားလည်း သနားတတ်တယ်။ ကိုယ်ချင်းစာစိတ်​တွေလည်း အတိုင်းအဆမဲ့ရှိတယ်။ သူ​နေထိုင်ရာ ပတ်ဝန်းကျင်မှာ ဘယ်သူငိုတာကိုမှ မမြင်ချင်တဲ့ မိဖုရားတစ်ပါးပဲ။ ဘာ​ကြောင့်များ ဒီလို​နေကြာပန်းပွင့်​လေးက တိုင်းပြည်ရဲ့ မိဖုရားဖြစ်လာပါလိမ့်။

စိတ်Where stories live. Discover now