မီးပွားပုံပြင်

817 137 0
                                    

လူတိုင်း အတ္တကြီးတတ်တယ်။ တစ်ချို့က ဖျက်ဆီးလိုစိတ်နဲ့ ပိုပြီး အတ္တကြီးသွားကြတာ​ပေါ့။

×

"မင်းကြီးဘုရား..! တိုင်းပြည်နဲ့ ရင်​သွေး နှစ်ခုထဲကတစ်ခုကို ​​သေချာ​ပေါက် ပြတ်ပြတ်သားသား ​ရွေးချယ်ရပါ​တော့မယ်! "

ညီလာခံထဲ လူ​လေး​ယောက်ပဲရှိတယ်။ ဘုရင်နဲ့ မိဖုရား​ခေါင်ကြီး ​နောက်ပြီး အထူးအာရုံနဲ့ လင်မယားနှစ်​ယောက်။

"မဖြစ်ဘူး! ဒီက​လေးက ငါ့ရဲ့ ပထမဆုံး​သော သား​တော်ပဲ၊ နိမိတ်မရှိတဲ့ တ​ဘောင်စကား​တွေနဲ့ ငါ့သား​​တော်ရဲ့အသက်ကို မစွန့်စားနိုင်ဘူး! "

"မင်းကြီးဘုရား..! ကျွန်​တော်မျိုးတို့ ဇနီး​မောင်နှံဟာ ဘယ်​သောအခါမှ မတရားမှုကို မပြုလုပ်ခဲ့ပါ! မတရားမှုတိုင်းကိုလည်း မျက်ကွယ်မပြုခဲ့ပါ! ပြည်​ကောင်းကျိုး၊ တိုင်း​ကောင်းကျိုး၊ အများ​ကောင်းကျိုးအတွက်သာ ဒီပညာရပ်နဲ့ စိတ်စွမ်းအားများကို အသုံးပြုခဲ့ပါတယ်! ကျွန်​တော်မျိုးတို့ရဲ့ နှုတ်မှထွက်​သော စကားများကို နား​ထောင်မိလို့ ထိခိုက်ဒဏ်ရာရသူ မရှိဖူးပါ! အန္တရာယ်နှင့် ကင်းကွာခဲ့သူများသာ ရှိခဲ့ပါတယ် မင်းကြီးဘုရား! ဒါ​ကြောင့် ကျွန်​တော်မျိုးတို့ကို ယုံကြည်ပြီး တိုင်းပြည်ကို ကယ်တင်နိုင်ဖို့ သား​တော်ကို စွန့်လွှတ်​တော်မူပါ!! "

ယောကျ်ားဖြစ်သူရဲ့ အသံက ပိုကျယ်​လောင်လာပြီး ဘုရင့်အတွက် ဖိအားရ​စေတယ်။ မိဖုရား​ခေါင်ကြီးခမျာ သား​တော်လက်ကို ဆုပ်ကိုင်ထားရင်း အငိုအ​ကြွေးမရပ်နိုင်။

ချစ်စရာသိပ်​ကောင်းတဲ့ ဒီက​လေးဟာ ပြည်ကိုဖျက်မယ့် မင်းတစ်ပါးအဖြစ် ကြီးပြင်းလာမတဲ့လား။ သစ္စာတရားဆိုတာမျိုး သူ့တစ်သက်လုံး ​စောင့်ထိန်းနိုင်မှာ မဟုတ်ဘူးတဲ့လား။

ဂိုရ​လျောဘုရင်ရဲ့ အ​မှောင်မိုက်ဆုံး ​နေ့ရက်​တွေပဲ။ ​ရှေ့​မှောက်က ဇနီး​မောင်နှံရဲ့ မျိုးရိုးစဥ်ဆက်ကိုလည်း သူသိတယ်။ ပညာသည် ဂန် နဲ့ သူ့ဇနီးဟာ တိုင်းပြည်ကို သူတို့ပညာနဲ့ အကျိုးပြုကြသူ​တွေပဲ။

စိတ်Where stories live. Discover now