​နေကြာ။

905 162 30
                                    

ရှင့်အနားမှာ ကြာကြာ​နေချင်မိတဲ့ ကျွန်မက ​နေကြာ။

×

"အိုး... လှလိုက်တာ"

အဝါ​ရောင် ပန်းခင်းကြီးအနားက ဆူးလ်ဂီတို့ဖြတ်​တော့ မိဖုရားဟာ မျက်နှာတစ်ခြမ်း အုပ်လုနီးနီးဖြစ်​နေတဲ့ ပုဝါပါးကိုဖယ်ပြီး တအံ့တသြဆိုတယ်။

မြင်းဇက်​ကြိုးကို ဆွဲတန့်လိုက်ပြီး သိပ်လှတဲ့​နေကြာခင်း​တွေဘက် မျက်နှာမူလိုက်တာမို့ ဆူးလ်ဂီတို့လည်း ရပ်လိုက်ရတယ်။

"ဒီ​လောက်လှတဲ့ ​နေကြာခင်းကြီးရှိမယ်လို့ တစ်ခါမှမ​တွေးဖူးဘူး"

"မှန်လှပါ၊ ဒီ​နေရာတော့ မြို့​တော်မှာ တင်သွင်း​ရောင်းချလျက်ရှိတဲ့ ​နေကြာပန်းခင်း​တွေရဲ့ မူလ​နေရာပါပဲ မယ်မယ်"

အပျို​တော်တစ်​ယောက်က သူ့ဗဟုသုတကို မျှ​​ဝေတယ်။ မယ်​​တော်က ​ခေါင်းတငြိမ့်ငြိမ့်။ ဆူးလ်ဂီလည်း ​နေကြာပန်းခင်းကြီးကို သိပ်လှတာပဲလို့ မြင်မိတယ်။

"ဆူးလ်၊ ​နေကြာပန်း​တွေကို သ​ဘောကျလား"

"မှန်ပါ"

"မယ်​တော်လည်း ​နေကြာပန်း​တွေကို ချစ်တယ်"

ပန်း​တွေကို မယ်မယ်ရရ ချစ်တတ်တဲ့ စိတ်ခံမျိုး​တော့ ဆူးလ်ဂီမယ်မရှိပါ။ ပန်းဆိုတာ လှတယ်၊ ​မွှေးတယ်၊ ရံဖန်ရံခါ အသုံးလည်းဝင်တယ်။ ဒါ​ကြောင့် ပန်းဆိုတဲ့အရာကို ကြိုက်တယ်၊ သ​ဘောကျတယ်​လောက်နဲ့ပဲ လက်ခံထားလိုက်တယ်။

ပန်း​တွေကိုချစ်လို့ ဘာများထူးခြားသွားမှာလဲ။

"မ​မှောင်ခင် ဆက်သွားကြစို့ မယ်​တော်"

"ဟုတ်ပါပြီ"

ခရီးမှာ လူများများစားစားမပါ။ မယ်​တော်၊ ဆူးလ်ဂီနဲ့ အပျို​တော်နှစ်ဦး၊ ရဲမက်နှစ်ဦးသာပါတယ်။ မြင်းကိုယ်စီ၊ အသုံးအ​ဆောင်ကိုယ်စီ။

​နေကြာခင်းကို ချန်ထားခဲ့ပြီး ဟိုးအ​ရှေ့ဘက် ​မျှော်ကြည့်တဲ့အခါ မြင်​နေရတာ ​ကောင်းကင်ပြာ။

စိတ်Where stories live. Discover now