ဟိုဘက်နဲ့ဒီဘက် ဆုံ​ကြ​တော့..။

715 162 16
                                    

တစ်​ယောက်တည်းဖြစ်သွား​တော့ တိတ်ဆိတ်ခြင်းဟာ ပိုကျယ်​လောင်လာတယ်။

×


ယန် စစ်သူကြီး ညမအိပ်ရတာ ၂ညရှိပြီ။

အမြဲလိုလို မြင်းအ​နောက်က​နေ ​ပြေးလိုက်လာတဲ့ ​ခြေသံ​​တွေကို ကြား​နေရပြီး ပြန်လှည့်ကြည့်လျှင် မည်သူမှမရှိ။ ခရီးမတွင်သဖြင့် ညဘက် ကြုံရာအိပ်စက်​သောအခါတွင်လည်း အလွန်ဆိုးရွား​သော အိပ်မက်ဆိုးများမက်ကာ တစ်စုံတစ်ဦးရဲ့ ​စောင့်ကြည့်ခြင်းကို ခံ​နေရသလို ​ကောင်း​ကောင်းအိပ်မ​ပျော်။ အလွန်အမင်း အိပ်​​ပျော်ခါနီးသည့်အချိန်တွင်မူ ပုပ်အက်အက် အနံ့များက ​နှောင့်ယှက်ပြန်သည်။

ဒီအတိုင်းသာဆိုလျှင် အိပ်​ရေးပျက်သဖြင့် ဒုက္ခ​ရောက်​တော့မည်။ မဖြစ်​ချေ။ မိဖုရားဆီ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ​ရောက်​အောင်သွားရမည်။

သစ္စာဆိုပြီး​တော့ကို သွားဦးမည်။

× × ×

"ဆူးလ်.. ​နေမ​ကောင်းဘူးလား"

"​ကောင်းပါတယ်"

အ​တော်​လေး စိတ်အ​နှောင့်အယှက်​ပေး​နေသည့် ကိစ္စများ​ကြောင့် ဆူးလ်ဂီ မျက်နှာပျက်​နေနိုင်သည်။ မယ်​တော် ရိပ်မိလို့မဖြစ်။ ​မေးခွန်း​တွေထုတ်လာရင် မရှင်းနိုင်။

မီးပုံ​​နေရာ​လေးက ပြာမှုန်တို့ဖြင့် ဖုံး​နေသည်ကို အ​ကြောင်းမဲ့စွာ ရှင်းလင်း​နေရင်း အနားတွင် စိုးရိမ်ပူပန်စိတ်ဖြင့် လမ်း​လျှောက်​နေ​သော မယ်​တော့်ကို ​ကျော​ပေးထားမိသည်။

"အ!"

အ​တွေးများက တစ်​နေရာ​ရောက်ကာ အာရုံမစိုက်မိတာမို့ သစ်သားငုတ်တိုချွန်တစ်စဖြင့် လက်ကိုခြစ်မိသည်။

"ဟယ် ဆူးလ်ရယ်.. ဘယ်လိုဖြစ်တာလဲ ကြည့်ဦး ​​သွေး​တောင်ထွက်လာပြီ၊ ခဏ​စောင့်၊ စည်းထားလို့ရ​အောင် မယ်​တော် တစ်ခုခု ရှာယူလာဦးမယ်"

စိတ်Where stories live. Discover now