အမြည်း

1.9K 222 10
                                    

Uni Code

"​မြေး​လေး ကြီးလာလို့ ​ကောင်းတာ​​တွေအများကြီး လုပ်တဲ့အခါ တိုင်းပြည်မှာ အ​ကျော်ကြားဆုံး နတ်ဆရာမဖြစ်လာလိမ့်မယ် " လို့ အဖွားက ​ပြောခဲ့ဖူးပါတယ်။

ဆူးလ်ဂီတို့ မျိုးရိုးစဥ်ဆက်တစ်​လျှောက်လုံးက တိုင်းပြည်မှာ နာမည်ကြီးတဲ့ နတ်ဝင်သည်တွေဖြစ်လို့ ဘုရင်အပါအဝင် ​တော်ဝင်မျိုးနွယ်​​​တွေကပါ ကိုးကွယ်ကြတယ်လို့လည်း အဖွား​ပြောပြတာ ကြားဖူးတယ်။

"ဒါဆို မ​ကောင်းတာ​တွေ လုပ်မိရင်​ရော ​ရှေ့​လျှောက် ဘာ​တွေဖြစ်မှာလဲ ဖွား " အရွက်က​လေး​တွေ​ပေါ် စာ​လျှောက်​ရေး​နေရင်းနဲ့ ဆူးလ်ဂီ ​မေးကြည့်လိုက်မိတယ်။

အဖွားက မျက်လုံးနှစ်ဖက်လုံး ကန်း​နေပြီ။ သူ့ကို ကိုးကွယ်ခဲ့တဲ့ ဘုရင်က မ​ကောင်းတဲ့နိမိတ်​တွေ ​ဟောရသလားဆိုပြီး အဆိပ်နဲ့ပက်ခဲ့တာတဲ့။

"လူဆိုတာ ​ကောင်းတာလုပ်ရင် ​ကောင်းတာဖြစ်မယ် မ​ကောင်းတာလုပ်ရင် မ​ကောင်းတဲ့အကျိုး​​​တွေ ခံစားရမယ် " အဖွားက ခဏနားတယ်။ အဲ့နောက် "​မြေးမှာက မျိုးရိုးတစ်​လျှောက်လုံးမှာ တစ်ခါမှမပါဖူးတဲ့ စိတ်စွမ်းအားမျိုးရှိတာ ဖွား မှတ်မိ​သေးတယ် "

သူမျက်စိ​ကောင်းတုန်းက ဆူးလ်ဂီရဲ့ အနာဂတ်ကို ခဏခဏ တွက်ချက်တတ်တယ်။ အခု​တော့ သူလည်းမမြင်​တော့သလို သူ့ကို ကန်း​အောင်လုပ်ခဲ့တဲ့ ဘုရင်လည်း ​သေသွားတာကြာပါပြီ။ သူ့သား နန်းတက်​နေတယ်။ ၁၆ နှစ်သမီး​လေးကို မိဖုရားတင်ထားတယ်​ပြောတယ်။

"အဲ့စိတ်စွမ်းအားကို ​ကောင်းတဲ့ဘက်မှာပဲ အသုံးချနိုင်​အောင်ကြိုးစား " အဲ့ဒါ​ပြောပြီး​တော့ အဖွား အသံတိတ်သွားတယ်။

ဆူးလ်ဂီ စမ်းကြည့်တဲ့အခါ အသက်မရှိ​တော့ဘူး။ ခန္ဓာကိုယ်က ​နွေး​နေ​သေး​ပေမယ့် ​အေးသွား​တော့မယ့် အ​ငွေ့အသက်​တွေရတယ်။ အဖွားရဲ့ဝိဉာဥ်က ချက်ချင်း ဘဝမကူးနိုင်ဘဲ အနားမှာ တဝဲလည်လည် ဖြစ်​နေတုန်းပဲ။

"သွားလို့ရပါတယ် သူတို့လည်း ခဏ​နေရင် ​မြေးကို လာ​ခေါ်ကြ​တော့မှာ " မမြင်ရ​ပေမယ့် အဖွားဝိဉာဥ်ရှိ​လောက်မယ့် ​နေရာကိုရည်စူးပြီး ဆူးလ်ဂီ​ပြောလိုက်တယ်။ ဘယ်​လောက်မှ မကြာဘူး။ အ​ကောင်းစား မြင်းလှည်းကြီးတစ်စီး အိမ်​ရှေ့မှာ လာရပ်​ရော။

စိတ်Where stories live. Discover now