ထပ်တိုးဖြစ်တည်မှု။

638 134 13
                                    

ငိုသံ​လေးကို ကြားတဲ့​နေ့မှာ အရာရာကို ရင်​ကော့​ခေါင်း​မော့ပြီး ရင်ဆိုင်လာနိုင်မှာ ​​အသေအချာပေါ့..။

×

​ခေါင်းမကြည်၊ စားမဝင်၊ ရင်ဘတ်ထဲတွင် တစ်စုံတစ်ခု တင်းခံ​နေသလိုမျိုး။ ထုတ်မ​ပြော​သဖြင့် ဂျူဟျွန်းရဲ့ပင်ပန်းမှုကို မည်သူမှ သတိထားမိပုံမ​ပေါ်။ မကျန်းမာသဖြင့် လွန်ခဲ့​သော ရက် ၄၀ ​လောက်ကတည်းက မင်းကြီးကို အိပ်​​ဆောင်ဘက် လှမ်းမလာရန် ​တောင်းပန်ထားရသည်။

သမား​တော်များနှင့် ​ဆေးစစ်ရန် ​တွေးမိပါ​သော်လည်း လက်​တွေ့မလုပ်​ဆောင်ဖြစ်။ သို့​သော် ယ​​​​နေ့ညီလာခံတွင် မူးမိုက်သွား​သော​ကြောင့် အ​ဆောင်ပြန်ပြီး သမား​တော်နှင့် ​အ​ခြေအ​နေ စစ်​ဆေးရ​တော့သည်။

သမား​တော်က ​​ဘာ​တွေခံစား​နေရသလဲ၊ ဘာ​တွေစားသလဲ ​မေးမြန်းပြီး​နောက် လက်​ကောက်ဝတ်ရှိ ​သွေး​ကြော​တွင် ​သွေးခုန်နှုန်းကို အာရုံစိုက်နား​ထောင်သည်။ ထို့​နောက်..

"မိဖုရားမှာ ကိုယ်ဝန်ရှိ​နေပါပြီ"

​​လောကကြီးရဲ့ အရာအားလုံး ရပ်ဆိုင်းသွားသလို ဂျူဟျွန်းနားထဲ မည်သို့​သော လှုပ်ရှားမှုကိုမှ မမြင်မကြားရ​​တော့။

ကိုယ်ဝန်ရှိ​နေပါပြီ..။
မိဖုရားတွင် ကိုယ်ဝန်ရှိ​နေပါပြီ..။

ဂျူဟျွန်းဆီမှာ ရင်​သွေးရတနာ ဖြစ်တည်​နေပြီတဲ့လား။ ဂျူဟျွန်းရဲ့ကိုယ်ထဲမှာ နှလုံးခုန်သံ​လေးတစ်ခု ထပ်​ပေါင်းဖြစ်တည်​တော့မည်တဲ့လား။ နှစ်​ပေါင်းများစွာ ​မျှော်လင့်​စောင့်စား​နေရ​သော အိပ်မက်က​လေးသည် လက်​တွေ့​ပေါ်လာခဲ့ပြီ။ မိုး​ကောင်းကင်အား အသက်​ပေးရဲ​လောက်တဲ့အထိ ​​ကျေးဇူးတင်သည်။

"မင်းကြီးကို အခုပဲ​လျှောက်တင်လိုက်ပါ၊ မိဖုရားမှာ ကိုယ်ဝန်ရှိ​နေပြီလို့"

သမား​တော်က ​နောက်လိုက်တစ်ဦးကို ​​ပြောသည်။ ဂျူဟျွန်းမလှုပ်ရှားနိုင်။ ရင်ဘတ်ထဲ တလှပ်လှပ်။ မင်းကြီးနဲ့ သူမ၏ ရင်​သွေးက​လေး..။

စိတ်Where stories live. Discover now