​ကျောက်​ဆောင်​တွေအ​ကြောင်း

894 146 4
                                    

​မေတ္တာတရား​လောက် လူကို​နွေး​ထွေး​စေတာ မရှိဘူး။ ​မေတ္တာတရား​လောက်လည်း လူကို ထိခိုက်နာကျင်​စေတာ မရှိ​တော့ပြန်ဘူး။

×

ဒီနန်း​တော်ထဲမှာ ဆူးလ်ဂီ​နေရာရယ်လို့ တိတိကျကျ မရှိဘူး။ အသက်၉နှစ်အရွယ်ကစလို့ ​နေထိုင်အလုပ်အ​ကျွေးပြုခဲ့​ပေမယ့် ကိုယ့်ဖြစ်တည်မှုကို အသိအမှတ်ပြုသူဆိုလို့ လက်ချိုး​ရေရင်​တောင် ဆယ်​ယောက်မပြည့်ဘူး။ အဲ့အချိန်ကတည်းက သူတို့အမြင်မှာ ဆူးလ်ဂီဂန်ဟာ  အန္တရာယ်များတဲ့ က​လေးတစ်​ယောက်ပဲ။

တကယ်​တော့ အဲဒီအထင်အမြင်​တွေကို မဟုတ်​ကြောင်း ​ပြောင်းလဲ​ပေးချင်ပါတယ်။ ဒီနန်း​တော်က လူ​တွေ​ကြောင့် အဘွားနဲ့ မိဘ​တွေ မ​သေခဲ့ရရင်​ပေါ့။

"​လောကမှာ အ​ကြောင်းနှစ်မျိုး​ကြောင့်သာ မိုး​ခေါင်​ရေရှားမှု ဖြစ်​ပေါ်တတ်ပါတယ်၊ ပြည်ကိုအုပ်ချုပ်တဲ့ မင်း နဲ့ မင်းလက်​အောက်က ပြည်၊ မင်းက ပြည်အ​ပေါ် ကျင့်ဝတ်အတိုင်း မအုပ်ချုပ်ရင် မိုး​ခေါင်ပါတယ်၊ ပြည်က တရားမျှတတဲ့ မင်းအမိန့်ကို မနာခံလျှင်လည်း မိုး​ခေါင်ပါတယ် "

ဒီ​လောက် စိတ်ပျက်စရာ​ကောင်းတဲ့ ​နေရာမှာ ဘာလို့အခုထိ ​နေထိုင်​နေ​သေးသလဲလို့ ကိုယ့်ကိုယ်ကိုယ် ​မေးခွန်းပြန်ထုတ်မိချိန်​တွေလည်း ရှိတယ်။

"မိုး​ခေါ်မယ့်​လေ လာရာ အရပ်မျက်နှာ​တွေဖြစ်တဲ့ အ​နောက်​တောင်နဲ့ အ​ရှေ့​မြောက်ပြည်​နယ်​တွေမှာ ​လောကကျင့်ဝတ်နဲ့ မကိုက်ညီတဲ့ ပဋိပက္ခ​တွေရှိ​နေတယ်လို့ ​ပြောပါတယ်၊ ဒါ​ကြောင့် ဘုရင်မင်းမြတ် မိုး​ခေါ်ဖို့ စိတ်ဆန္ဒရှိတယ်ဆိုပါလျှင် ထိုအရပ်​ဒေသများရဲ့ တရားဥပ​ဒေနှင့် တာဝန်ရှိပုဂ္ဂိုလ် အသီးသီးတို့ကို တစ်ဖန်ပြန်လည် စဥ်းစားသုံးသပ်​ပေးပါရန် ​လျှောက်တင်အပ်ပါတယ် "

ဘုရင်​ကြောင့်။ ဒီဘုရင်ကို ဆူးလ်ဂီ သိပ်မုန်းတယ်။ သူဟာ ဆူးလ်ဂီရဲ့ မိသားစု​လေး ပျက်စီးရတဲ့ တစ်ခုတည်း​သော အ​ကြောင်းအရင်းပဲ။

"​လျှောက်တင်ချက်ကို လက်ခံတယ်၊ သင့်​​တော်တယ်လို့လည်း ကိုယ်​တော်ယူဆတယ်၊ တကယ်ပဲ ဆူးလ်ဂီက နန်း​တော်မှာ ကြီးပြင်းပြီး နန်းဓ​လေ့ နန်းထုံးတမ်း​တွေကို ရင်းနှီးတဲ့အပြင် သာမန်လူ​တွေ ​ဖြေရှင်းဖို့ခက်တဲ့ သဘာဝလွန် အ​ခြေအ​နေ​တွေကိုပါ သူက ​အ​ဖြေထုတ်နိုင်တယ်"

စိတ်Where stories live. Discover now