မိန်းမတစ်​ယောက်နှင့် ​အတူနေထိုင်နည်း

1.4K 179 59
                                    

သစ်ရွက်​​လေး​တွေရဲ့ နုနယ်မှုကို လက်ထိပ်ဖျားကတဆင့် ခံစားနိုင်ခြင်းဟာ အထိအ​တွေ့အာရုံ။

×

တစ်စုံတစ်ခု ကျိုးပဲ့ပျက်စီးသွားတယ်။ တစ်စုံတစ်ခု ထူးခြားဆန်းပြားသွားတယ်။ တစ်စုံတစ်ခုနဲ့ တစ်စုံတစ်​ယောက်ကြားမှာ ​စိတ်ဟာ ပြောင်းလဲသွားတယ်။ အ​ကောင်းဘက်များလား၊ အခုထက်မက ပိုမိုဆိုးရွားခြင်း ဘက်သို့လား။

ပုပ်သိုးပျက်စီး​လို့ ​မြေစာဖြစ်နေ​လောက်တဲ့ ကြာပန်းအ​ဟောင်း မြုပ်နှံထားရာ ​နေရာကို ဆူးလ်ဂီ တူး​ဖော်ကြည့်တဲ့အခါ ထူးခြားစွာပဲ ကြာပန်းက လတ်ဆတ်​​မွှေးကြိုင်​နေ​တယ်။ ဆိုလိုခြင်းက သွယ်ဝိုက်၍ နာမ်နှိမ်ခြင်း အစီအရင် မ​အောင်မြင်ဘူးဆိုတဲ့ သ​ဘော။ စိတ်ပျက်မိ​ပေမယ့် အ​ဖြေကို ရှာ​တွေ့ထားတာမို့ သက်ပြင်းသာချဖြစ်ရဲ့။

ဘုရင့်မှာ ကြီးမားတဲ့ အကာအကွယ်တစ်ခု ရှိကိုရှိ​နေတယ်။ အဲ့အကာအကွယ်​ကြောင့် ဆူးလ်ဂီလုပ်သမျှ အစီအရင်တိုင်းက သူ့ကို ပန်းနဲ့​ပေါက်သလို ​​တွေ့ထိတယ်ဆိုရုံပဲ အကျိုးသက်​ရောက်တာ။ သူအခုလို အသက်ရှည်​ကောင်းမွန်စွာ ​နေထိုင်​နေတာ မြင်ရ​လေ ​​သေ​စေချင်​လေပါပဲ။

အဲ့​နောက်​တော့ ကြာပန်းမြုပ်ထားခဲ့တဲ့​ ​မြေနေရာကို ​ခြေယာလက်ယာ မပျက်​အောင် ဂရုတစိုက် ပြန်ဖို့လိုက်ရ​တော့ လက်ဖဝါးနှစ်ဖက်မယ် အညစ်အ​ကြေး​တွေ ကပ်​ပေလာတယ်။ ဖဝါးပြင်ရဲ့ အသားအ​ရေက ခပ်ဖြူဖြူ၊ ​မြေအမှုန်အမွှား အညစ်အ​ကြေး​တွေက ဟိုတစ်​နေရာ ဒီတစ်​နေရာ။

ဒီလက်​တွေ..၊ ဒီလက်​တွေက..။

မျက်လုံးမှိတ်လိုက်တဲ့အခါ စိမ်းဖန့်ဖန့် ​သွေး​ကြောပါး​တွေနဲ့ ​ဆေးမကူဘဲ ပန်းနု​ရောင်သန်းတဲ့ နှုတ်ခမ်းပါး​တွေကို မြင်​ယောင်တယ်။

မိဖုရား ဘယ်ဂျူဟျွန်းက ရက်ရက်စက်စက် လှနိုင်လွန်းတဲ့ မိန်းမသားတစ်​ယောက်မှန်း သိထားပါလျက် သူ့လက်​ပေါ်က ဆူးလ်ဂီ၊ ဆူးလ်ဂီ လက်ထဲက သူ့အ​ခြေအ​နေမှာ ဒီထက်ပို၍ အဆ​ပေါင်းများစွာ လှ​​နေတယ်လို့ ထင်တယ်။

စိတ်Where stories live. Discover now