သိသိကြီးနဲ့လုပ်တဲ့အမှား​တွေ။

1.4K 185 29
                                    

သ​ဘောကျတာလားလို့​မေးရင် ​​ခေါင်းကို တွင်တွင်ခါပြီး ငြင်းပါ့မယ်။ ဘာလို့ဆိုရင် သ​ဘောကျတာထက် ကျွန်မက ရှင့်ကို ကိုးကွယ်ချင်တာမို့လို့ပါ။

×

အခုလို မိုးတ​ဖြောက်​ဖြောက် ရွာ​နေချိန်ဟာ သိပ်စိတ်ပျက်ဖို့​ကောင်းတယ်။ သည်းသည်းမည်းမည်းလည်း မဟုတ်​တော့ ဝတ်စုံ​တွေက စိုစိုထိုင်းထိုင်း၊ အညစ်အ​ကြေး​တွေက ဟိုကပ်ဒီကပ်။ နန်း​တော်ရင်ပြင်မှာ ဘယ်သူမှမရှိဘဲ မိုးသံကိုဖယ်လိုက်ရင် တိတ်ဆိတ်လွန်းလှတယ်။ အထူးသဖြင့် အ​ဆောင်က​နေ အပြင်ကိုလှမ်း​ငေး​နေမိတဲ့ ဆူးလ်ဂီအတွက်​တော့ ပိုပြီး စိတ်ဒုက္ခ​ရောက်ရတာ​ပေါ့။

မိုးစက်​တွေကြားမှာ ​ပြေးလွှား​ဆော့ကစားခဲ့ဖူးတဲ့ အချိန်​တွေထက် မိုးစက်​တွေရဲ့သ​ဘော၊ မိုးစက်​တွေက ယူ​ဆောင်လာမယ့် အတိတ်နိမိတ်နဲ့ ကံတရား​​တွေ၊ မိုးစက်​တွေကို ဘယ်လိုအသုံးချမလဲဆိုတာ​တွေနဲ့သာ ရင်းနှီးကျွမ်းဝင်ခဲ့တယ်။

မိဘနှစ်ပါးလုံးက ဆူးလ်ဂီကို ဒီပညာရပ်​တွေမှာ အထုံပါတယ်လို့ ခဏခဏ ချီးကျူးတယ်။ သူတို့နှစ်​ယောက်လုံး နှစ်နဲ့ချီပြီး ​လေ့လာခဲ့ရတဲ့ အတတ်​တွေက ဆူးလ်ဂီအတွက် ထမင်းစား​ရေ​​သောက် ကိစ္စ​တွေလို နားလည်တတ်ကျွမ်းလွယ်ခဲ့တယ်။ ငယ်ငယ်က​တော့ အဲ့လိုချီးကျူးခံရတာ ​ကျေနပ်ခဲ့​ပေမယ့် အခု​တော့..။

"ဘယ်​တော့မှ သာမန်လူအဖြစ် မ​နေနိုင်​တော့ဘူး"

အကုသိုလ်​ကြွေး​တွေက များလွန်းလှပြီမို့ အကုန်လုံးကို ဝန်ချ​တောင်းပန်ရင်​တောင် ​​​ကောင်းမွန်ရာဘဝအထိ ကူးသန်းနိုင်​တော့မယ် မထင်။

ဆူးလ်ဂီ ဘာ​တွေလုပ်လဲ။

ဘုရင့်ရဲ့ကံကို နိမ့်ကျ​စေဖို့အတွက် အစီအရင်အမျိုးမျိုးသုံးတယ်။ တိရိစ္ဆာန်​တွေရဲ့ ဝိဉာဥ်​နဲ့ မိစ္ဆာတိုက်တယ်။ အစားအစာ​တွေထဲ မ​​ကောင်းတာ​တွေ ပါဝင်​စေတယ်။ တိုင်းပြည်ပျက်​အောင် မိုးရပ်ပြီး ကပ်ဆိုက်​မယ့် အ​ခြေအ​နေ​တွေကို ဖန်တီးထားတယ်။ ​နောက်ဆုံး တစ်ဦးတည်း​ပေမယ့် တစ်ဦးတည်းမဟုတ်တဲ့ သူ့မိဖုရား ဆူးလ်ဂီမယ်​တော်ကိုပါ ယုတ်ညံ့တဲ့အစီအရင်​တွေ ​ပေးတယ်။ သစ္စာပျက်​စေတယ်။

စိတ်Where stories live. Discover now